ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone Travels မှအဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံကြပါမည်။ သက်ဆိုင်ရာ လေကြောင်းလိုင်းတွင် Check in ဝင်ကာ ရန်ကုန်မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မြို့သို့ ထွက်ခွာကြပါမည်။ ဖနွမ်းပင်မြို့သို့ ရောက်ရှိပြီးနောက် ဒေသခံဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက် ညစာသုံးဆောင်ရန်ထွက်ခွာကြပါမည်။ ထို့နောက် ဟိုတယ်သို့သွားရောက်၍ Check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ကာ ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်ဒေသ(၃နာရီခွဲခန့်) သို့ သွားရောက်ပါမည်။ နယ်စပ်ဒေသကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက် နယ်စပ်မြို့လေးတစ်မြို့ဖြစ်သော Ha Tien မြို့လေးတွင် နေ့လည်စာသုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Phu Quoc Island သို့ Speed boat (၁နာရီခန့်) စီး၍ထွက်ခွာ ကြပါမည်။ Phuo Quoc သို့ရောက်ရှိပြီးနောက် Ho Quoc Pagoda သို့သွားရောက်လည်ပတ်ကာ အမှတ်တရဓါတ်ပုံများရိုက်ကူး ကြပါမည်။ ထိုမှတစ်ဆင့် Hon Thom ကျွန်းသို့ ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးကေဘယ်ကားကို စီး၍သွားရောက်ကြပါမည်။ Phu Quoc ၏အလှအပများကိုအပေါ် စီးမှနေ၍ ကြည့်ရှုခံစားကြပါမည်။ Hon Thom ကျွန်းပေါ်တွင်သစ်သားဖြင့်ပြုလုပ်ထားသော ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံး သစ်သားရိုလာကိုစတာစီးကာ အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ ကျွန်းပေါ်တွင် စိတ်ကြိုက် အပန်းဖြေကြပါမည်။ ထိုနောက် ကေဘယ်ကားစီး၍ပြန်လည်ထွက်ခွာလာကာ Jet ski va Flyboard show ကိုကြည့်ရှုခံစားကြ ပါမည်။ Kiss Bridge သို့သွားရောက်လည်ပတ်ကြပါမည်။ ညစာဘူဖေးသုံးဆောင်ပြီးနောက် ဟိုတယ်သို့သွားရောက်၍ Check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Safari World သို့သွားရောက်ကာ တောရိုင်းတိရစ္ဆာန်များ၏ ရှင်သန်နေထိုင်မှု ပုံစံများကိုလေ့လာကြပါမည်။ Grand world သို့သွားရောက်လည်ပတ်ကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏အကြီးဆုံး Theme Park တခုဖြစ်သော Vinwonder သို့ သွားရောက်လည်ပတ်ကြပါမည်။ Theme Park အတွင်းရှိ indoor နှင့်outdoor ဂိမ်းကစားနည်းများစွာ (Fantasy world, Adventure world, typhoon world, mysterious king village, European street, Vinwonder Aquarium, Water show) ကို ပျော်ရွှင်စွာဆော့ကစားနိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လာကာ တစ်ညတာအိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Gam Ghi Island, Buom Island or Mong Tay Island နှင့် May Rut Trong Island စသည့်ကျွန်း၃ကျွန်းကို Private boat ဖြင့်သွားရောက်လည်ပတ်ကြပါမည်။ Gam Ghi Island, Buom Island or Mong Tay Island ရှိ သန္တာကျောက်တန်းများအကြား ပျော်ရွှင်စွာ snorkeling ပြုလုပ်နိုင်ပါသည်။ နေ့လည်စာကိုကျွန်းပေါ်တွင် သုံးဆောင်ကြ ပါမည်။ ထိုမှတစ်ဆင့် May Rut Trong Island သို့သွားရောက်ကာ ကျွန်းပေါ်ရှိ သဲဖြူများပေါ်တွင်ပျော်ရွှင်စွာဆော့ကစားကြပါမည် (Diving လုပ်ခြင်းနှင့်အခြားကစားနည်းများကို မိမိတို့ကုန်ကျစရိတ်ဖြင့်ပြုလုပ်နိုင်ပါသည်။) ညနေပိုင်းအချိန်တွင် Sanato Beach သို့သွားရောက်ကာ နေဝင်ချိန်ကိုကြည့်ရှုခံစားကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင်သုံးဆောင်ကြပါမည်။ ထိုမှတစ်ဆင့် ဟိုတယ်သို့ပြန်၍တစ်ညတာအိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ကာ Ha tien မြို့သို့ ပြန်လည်ထွက်ခွာလာပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်ဖနွမ်းပင်သို့ထွက်ခွာလာပါမည်။ ဖနွမ်းပင်ရှိ Aeon Shopping Mall တွင် စိတ်ကြိုက် Shopping ထွက်ကြပါမည်။ ထိုမှတစ်ဆင့် ဖနွမ်းပင်လေဆိပ် သို့သွားရောက်ကာ ရန်ကုန်သို့ လေကြောင်း ခရီးစဉ်ဖြင့် စိတ်အေးချမ်းသာစွာပြန်လည်ထွက်ခွာလာပါမည်။