ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်Star Zoneမှအဖွဲ့ခေါင်းဆောင်Tour Leaderနှင့်တွေ့ဆုံပြီးနောက်Silk AirAirlinesလေကြောင်းလိုင်းကောင်တာတွင်check-inဝင်ရောက်ပါမည်။Transit Airport(Singapore) လေဆိပ်သို့ ရောက်ရှိပြီးနောက်ခေတ္တအနားယူကာနယူးယော့ခ်သို့ဆက်လက်ထွက်ခွာပါမည်။နယူးယော့ခ်မြို့တော် John F Kennedy Airport သို့ဆိုက်ရောက်ပြီး ဒေသခံဧည့်လမ်းညွှန်မှ ခရီးဦးကြိုဆိုကာ New York Cityသို့ ထွက်ခွာ ကြပါမည်။နေ့လည်စာ သုံးဆောင်ပြီးနောက် နာမည်ကျော် Branded အသုံးအဆောင်များ ရောင်းချရာ Woodbury Outletသို့ပို့ဆောင်ပေးပါမည်။ စိတ်ကြိုက် ဈေးဝယ်ထွက်ကြပြီးနောက် ညစာသုံးဆောင် ကြပါမည်။ ညစာသုံးဆောင် ပြီးနောက်ခရီးပန်းခဲ့သမျှအနားယူအိပ်စက်နိုင်ရန်Hotel သို့ထွက်ခွာပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မြို့တော်၏သင်္ကေတဖြစ်သော လစ်ဘာတီရုပ်တုကြီးရှိရာ လစ်ဘာတီကျွန်းသို့သွားရောက်လည်ပတ်ပြီးနယူးယော့ခ်မြို့အလှကိုသဘောၤစီးရင်းကြည့်ရှုခံစားပါမည်။ World Trade Center (9/11) အထိမ်းအမှတ်Ground Zero Area၊ကမ္ဘာ့အကြီးဆုံးစတော့အိပ်ချိန်းရှိရာWall Street၊ Federal Hallတို့ကိုသွားရောက်လေ့လာကြပါမည်။ Charging Bull Sculpture ကျွဲရိုင်းရုပ်တုကြီးနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကြပါမည်။ထို့နောက်ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦး၅၀ထဲမှတစ်ခုအပါအဝင်ဖြစ်သည့်Empire State Building (1,250ft)၏၈၆ထပ်မှ နယူးယော့ခ်တစ်မြို့လုံး၏အလှကို ကြည့်ရှုခံစားကြပါမည်။ထို့နောက်ကျွန်းပေါ်ရှိ Museum သို့ဝင်ရောက်လေ့လာကြပါမည်။ကျန်ရှိအချိန်များကိုနာမည်ကျော်Branded Shopping StoreများစုဝေးရာFifth Avenueတစ်လျှောက်နှင့် Rockfeller Centerတို့တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ကြပါမည်။နာမည်ကျော်Times Squareတွင်လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဒယ်လာဝဲလ်တောင်ကြားရှိမြို့တစ်မြို့ဖြစ်ပြီး အချက်အချာကျသည့် ဖီလာဒယ့်ဖီယားမြို့လေးသို့ (၁နာရီ၄၅မိနစ်)ခန့်ကြာအောင် ကားဖြင့်ခရီးနှင်ပါမည်။သမ္မတဟောင်းကြီးBenjamin Franklin Burial Place, Liberty Bellတို့အား သွားရောက်လည်ပတ်ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက်ဝါရှင်တန်ဒီစီမြို့သို့ အရောက်ခရီးနှင်ပါမည်။ဦးစွာWashington Monumentနှင့် သမ္မတဟောင်းလင်ကွန်းကို ဂုဏ်ပြုထားသည့်Lincoln Memorialသို့ သွားရောက်လေ့လာ ကြပါမည်။အမေရိကန်သမ္မတနေထိုင်ရာအိမ်ဖြူတော် White Houseနောက်ခံထားပြီး အပြင်မှ ဓာတ်ပုံရိုက်ယူ ကြပါမည်။လွှတ်တော်အဆောက်အဦးCapitol Buildingအထဲသို့ဝင်ရောက် လေ့လာကြပါမည်။ ညစာသုံးဆောင် ပြီးနောက်ခရီးပန်းခဲ့သမျှဟိုတယ်တွင်တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဘာ့ဖလိုးမြို့သို့ စတင်ထွက်ခွာကြပါမည်။ On the wayတွင် နေ့လည်စာ သုံးဆောင်ပြီးနောက် ဘာ့ဖလိုးမြို့လေးသို့ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင်Corning Glass Centreသို့ ဝင်ရောက်ကာ လက်ရာမြောက်ဖန်ထည်လက်မှုပစ္စည်းများကိုလေ့လာကြပါမည်။ထို့နောက်နိုင်ရာဂရာ ရေတံခွန်ရှိရာ ဘာ့ဖလိုးမြို့သို့အရောက် ဆက်လက်ခရီးနှင်ပါမည်။ ကမ္ဘာ့အလှဆုံးရေတံခွန်ဟုခေါ်ဆိုနိုင်သည့် နိုင်ရာဂရာရေတံခွန်သို့ သွားရောက်လည်ပတ်ကြပါမည်။ Maid of the Mist Cruiseစီးကာရေတံခွန်အောက်ခြေအထိအနီးကပ်သွားရောက် လေ့လာကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အိပ်စက် အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာ့ဖလိုးမြို့မှတဆင့် လာ့စ်ဗေးဂတ်စ်မြို့သို့ ပြည်တွင်းလေကြာင်းလိုင်းဖြင့် ခရီးဆက်ပါမည်။ လာ့စ်ဗေးဂတ်စ်သို့ ရောက်ရှိလာပြီးနောက် ဟိုတယ် Check-in ဝင်ရောက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် တစ်နေ့တာကို Free & Easy ဖြတ်သန်းကြပါမည်။ ညစာသုံးဆောင်ပြီး နာမည်ကျော်Gamblingလောကကမ္ဘာဟုခေါ်ဆိုနိုင်သည့် Las Vegas Casino ဝိုင်းများသို့ သွားရောက် လေ့လာကြပါမည်။ Freemont Streetတွင်Free and Easyအစီအစဉ်ဖြင့် ဆက်လက်လည်ပတ်ပြီးနောက် Bellagio Hotel Water Fountain Show ကိုကြည့်ရှုပြီး ဟိုတယ်တွင် ညအိပ် အနားယူကြပါမည်။ လာ့စ်ဗေးဂတ်စ် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အံ့ဖွယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော မီတာ၁၉၀၀နီးပါး မတ်စောက်အနက်ရှိသည့် ဂရန်းကန်ညွန် (West Rim) သို့သွားရောက်လေ့လာ ကြပါမည်။ ပြတ်ရွေ့ကြောအတွင်း ကျရောက်နေပြီးမြေငလျင်ဒဏ်ခံထားရသော်လည်းသဘာဝတရားကြီးအတိုင်းလှပစွာကျန်ရစ်နေသေးသည်ကိုအမြင့်ပေတစ်သောင်းအထက်မှကြည့်ရှုခံစားကြပါမည်။(ဆန္ဒရှိပါကချောက်ကမ်းပါးတစ်လျှောက်ရဟတ်ယာဉ်စီးပြီးလှည့်လည်ကြည့်ရှုနိုင်သကဲ့သို့၊အောက်ခြေသို့ဆင်းကာကော်လိုရာဒိုမြစ်တစ်လျှောက်မိနစ်၂၀ခန့်လှေစီးရင်းလေ့လာနိုင်ပါသည်။) (မှတ်ချက်။ရဟတ်ယာဉ်စီးခြင်းနှင့်လှေစီးခြင်းတို့အတွက်ခရီးစဉ်ဈေးနှုန်းအတွင်းပါဝင်ခြင်းမရှိပါ)။အချိန်အနေအထားပေါ်မူတည်ကာ Hover Dam နှင့်Red Indian Village ကောင်းဘွိုင်ရွာလေးသို့သွားရောက်လေ့လာပါမည်။ ထို့နောက်လာ့စ်ဗေးဂတ်စ်တွင် ညစာသုံးဆောင်ပါမည်။ ပြီးနောက် ဟိုတယ်တွင်တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် လော့စ်အန်ဂျလိစ်မြို့သို့၄နာရီကြာကားစီးပြီး ခရီးနှင်ပြီး လမ်းရှိ စားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပါမည်။ လော့စ်အန်ဂျလိစ်သို့ရောက်ရှိပြီးနောက် Disneyland အနီးရှိဟိုတယ်သို့ Check-in ဝင်ရောက်ကြပါမည်။ တစ်နေ့တာအချိန်ကုန်ဆုံးကြရန် ကစားနည်းအစုံအလင်ရှိသည့် Disneyland Theme Parkသို့ သွားရောက်လည်ပတ်ကြပါမည်။ စိတ်ကြိုက်လည်ပတ်ကြပြီးနောက် ညစာသုံးဆောင် ကြပါမည်။ ပြီးနောက် ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်Jeanနှင့်Leather Products နာမည်ကြီးသောCitadel Outlet Mallတွင် စိတ်ကြိုက် ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် Hollywood Walk of Fame၊ နာမည်ကျော်သရုပ်ဆောင်များ၏ လက်မှတ်တို့ကိုမြင်တွေ့နိုင်သောGrumman’s Chinese Theaterတို့အားPhoto-stopအနေနှင့်လိုက်ပါပို့ဆောင်ပေးပြီး ညနေပိုင်းတွင် Santa Monicaကမ်းခြေသို့ သွားရောက် အပန်းဖြေကြပါမည်။ ထို့နောက် ညစာသုံးဆောင်ရန် စားသောက်ဆိုင်သို့ပို့ဆောင်ပေးပါမည်။ ထို့နောက်ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဆန်ဖရန်စစ္စကိုမြို့သို့ ခရီးဆက်ပါမည်။ သွားရာလမ်းကြောင်း တွင်ရှိသောBaker field မြို့သို့၄နာရီခန့်ကြာခရီးနှင်ပြီးနေ့လည်စာသုံးဆောင်ကြပါမည်။ ထို့နောက် ဆန်ဖရန်စစ္စကိုမြို့သို့ ဆက်လက်ထွက်ခွာပြီးနာမည်ကြီးFacebook, Google & Appleရုံးစိုက်ရာSilicon Valley သို့သွားရောက်လည်ပတ်ကာ Logo Signboardsများနှင့်အတူ အမှတ်တရဓာတ်ပုံများရိုက်ကူးကြပါမည်။ ညစာဖြင့်တည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်ကမ္ဘာ့အလှဆုံးတံတားတစ်စင်းဟုဆိုနိုင်သည့်Golden Gate Bridgeပေါ်မှ ကားဖြင့်ဖြတ်သန်းကာ အမှတ်တရဓာတ်ပုံများရိုက်ကူးပြီး နာမည်ကျော်တွန့်လိမ်ကောက်ကွေးနေသောLombert Streetသို့အမှတ်တရဓာတ်ပုံရိုက်ရန်ပို့ဆောင်ပေးပါမည်။ထို့နောက်လွန်ခဲ့သောနှစ်ပိုင်းခန့်ကနှစ်(၁၀၀)ပြည့်ခဲ့ပြီးဖြစ်သောဗိသုကာလက်ရာမြောက်Palace of Fine Artsသို့သွားရောက်လေ့လာကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် နာမည်ကျော်Fisherman’s Wharfတွင်လင်းပိုင်များအား အစာကျွေးသည်ကို သွားရောက်ကြည့်ရှုကြပါမည်။ ဆက်လက်ပြီးCity Hallနှင့်Union Square Areaသို့သွားရောက်လည်ပတ်ကြပါမည်။ညစာသုံးဆောင်ကြပြီးနောက် ဆန်ဖရန်စစ္စကိုလေဆိပ်သို့ ထွက်ခွာကြပါမည်။
လေဆိပ်သို့ရောက်ရှိလာပြီးနောက် သက်ဆိုင်ရာ Airlines ကောင်တာတွင် check-inဝင်ရောက်ပြီးTransit Airport ဖြစ်သည့် စင်ကာပူလေဆိပ်သို့ လေကြာင်းခရီးဖြင့် ထွက်ခွာလာပါမည်။
စင်ကာပူလေဆိပ်သို့နံနက်ပိုင်းတွင် ရောက်ရှိပြီးရန်ကုန်ပြန်မည့် flightကိုစောင့်ဆိုင်းကြပါမည်။ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာကာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိ လာပါမည်။