တည်းခိုရာသို့ လာရောက်ကြိုဆိုပြီးနောက် ပြည်တွင်းလေကြောင်းလိုင်းဖြင့် သြစတေးလျ နိုင်ငံ၏ ဆိပ်ကမ်းမြို့တော် ဆစ်ဒနီသို့ခရီးဆက်ပါမည်။ (၂၀)ရာစု၏ အထင်ရှားဆုံး အဆောက်အဦး တစ်ခုဖြစ်သည့် အနုပညာပြပွဲများ ကျင်းပရာ Sydney Opera House (Exterior), Habour Bridge and The Rock’s သို့ သွားရောက်လည်ပတ်ပြီးနောက် နေ့လည်စာကို Japanese Restaurant တွင်သုံးဆောင်ပါမည်။ ဆက်လက်ပြီး Mrs. Macquarie’s Chairs, Art Gallery of NSW နှင့် St Mary’s Cathedral စသော အထင်ကရနေရာများအား City Tour လည်ပတ်ပါမည်။ ညနေစာကို Thai Restaurant တွင်သုံးဆောင်ပြီးနောက် ဟိုတယ်တွင် check-in ဝင်ကာ အိပ်စက် အနားယူပါမည်။
DAY 10: ဆစ်ဒနီ - BLUE MOUNTAIN
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ချစ်စရာ ကိုအာလား ဝက်ဝံလေးတွေ သားပိုက်ကောင် အနီလေးတွေ နဲ့ ဓါတ်ပုံရိုက်လို့ရမယ့် Featherdale wildlife သို့သွားရောက်လည်ပတ်ပါမည်။ ကမ္တာအမွေအနှစ်စာရင်းဝင် Blue Mountain National Park သို့ Cable Car ဖြင့်သွား ရောက်လည်ပတ်ပြီး သဘာဝတောတောင်ရှုခင်းများအား အမြင့်ပေ ၂၇၀ တွင် ချောက်ကမ်းပါးတလျောက် ဆောက်လုပ်ထားသော မှန်တံတား Skyway, ကမ္တာ့အမတ်စောက်ဆုံး ရထား Jamison Valley Railway စသည့် တို့ကိုစီးနှင်းရင်း ခံစားနိုင်ပါမည်။Three Sister Rocks၊ Echo Point သို့သွားရောက်လည်ပတ်ပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ဆစ်ဒနီလေဆိပ်သို့ပို့ဆောင်ပါမည်။ ဆစ်ဒနီမှ ရန်ကုန်သို့ စင်ကာပူလေကြောင်းလိုင်းဖြင့် ပြန်လည် ထွက်ခွာပါမည်။