Star Zone

Important Things to Know Before Applying Visa

ဧည့်သည့်တော်ကြီးတို့အနေနဲ့VISA မလျှောက်ခင် သိထားသင့်တဲ့ အချက်တွေရှိပါတယ်။

-ပထမဆုံးအနေနဲ့ မိမိရဲ့ Passport က ခရီးသွားပြီး ပြန်လည်ရောက်ရှိမယ့်နေ့ နဲ့ Expired Date ရဲ့ကြားထဲမှာ သတ်တမ်းအနည်းဆုံး ခြောက်လကျန်ရှိရပါမယ်။

-မိမိသွားရောက်မဲ့နိုင်ငံက VISA လိုမလိုသိဖို့လိုအပ်ပါတယ်။

-မိမိသွားမယ့် နိုင်ငံက VISA FREE ရတဲ့နိုင်ငံဆိုရင် အများဆုံး ဘယ်နှစ်ရက်ရလဲဆိုတာကို သိထားရပါမယ်။

-သွားရောက်လိုတဲ့နိုင်ငံအလိုက် လျှောက်လို့ရမယ့် VISA အမျိုးအစားတွေကို သိထားရပါမယ်။ (Embassy Visa / Online Visa / ETA Visa / Visa on Arrival )

– သက်ဆိုင်ရာနိုင်ငံနဲ့ပတ်သတ်တဲ့ Visa Requirements တွေအသေးစိတ် သိဖို့လိုအပ်ပါတယ်။

ဗီဇာရရှိပြီးသောအခါ သိထားသင့်သောအချက်များ

အားလုံးအမှတ်မှားတတ်ကြသော ဗီဇာသက်တမ်းနှင့် နေထိုင်ခွင့်

ဗီဇာရပြီးသောအခါ ထိုဗီဇာကို အများအားဖြင့် ၃ လမှ ၆ လအတွင်း ကိုင်ဆောင်ထားခွင့်ရှိပါတယ်။ ထိုကာလအတွင်း မိမိရဲ့ ဗီဇာ သက်တမ်းရှိနေသရွေ့အကျုံးဝင်ပါတယ်။လျှောက်ထားသောနိုင်ငံပေါ်မူတည်ပြီးတော့ ဗီဇာသက်တမ်းကုန်ဆုံးနိုင်ခြေကိုသတိထားရပါမယ် ။

နေထိုင်ခွင့်သည် မိမိဗီဇာလျှောက်ထားသောနိုင်ငံသို့ရောက်ရှိသည့်နေ့မှစပြီး နိုင်ငံတစ်နိုင်ငံရဲ့ နေထိုင်ခွင့်ပေးမှုပေါ်မူတည်ပြီး အနည်းဆုံး ၁၅ ရက်၊ရက် ၃၀ ၊ရက် ၆၀ စသဖြင့်အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

ဗီဇာလျှောက်ထားမှုကြာချိန်

သံရုံးဘက်မှစီစစ်ဆောင်ရွက်ပေးမည့်ကြာချိန်သည် မိမိလျှောက်ထားသောနိုင်ငံပေါ်မူတည်ပြီး (သံရုံးပိတ်ရက်မပါ) အနည်းဆုံးကြာချိန် ၄ ရက် မှ ရက် ၃၀ ကြာမြင့်နိုင်ပါတယ် ။

သံရုံးသို့စာရွက်စာတမ်းတင်ပြသည့်အခါ လျှောက်ထားမည့်ပုံစံပေါ်မူတည်ပြီး သံရုံး OFFICER မှလိုအပ်သောစာရွက်စာတမ်းများအားထပ်မံတောင်းခံခြင်းများလည်းရှိလာနိုင်ပါတယ် ။

သံရုံး OFFICER မှလိုအပ် တဲ့ အခါ လူတွေ စစ်ဆေး မေးမြန်း ခြင်း လည်း ရှိလာနိုင်ပါတယ်။ သံရုံးမှဗီဇာလျှောက်ထားရန် APPOINTMENTS ရယူပြီးလျှင် ချိန်းဆိုထားသော APPOINTMENT ထက် မိနစ် ၃၀ ခန့်စောပြီး မိမိတင်ပြရမည့်စာရွက်စာတမ်းများနှင့်အတူကြိုတင်ရောက်ရှိနေရန်လိုအပ်ပါတယ်။

Visa Entry နဲ့ပတ်သက်ပြီး သိထားသင့်သောအချက်များ

Visa entry အနေနဲ့ကတော့ ကိုယ်သွားမယ့်နိုင်ငံကို ကိုယ်ဝင်ရောက်ချင်တဲ့ အရေအတွက်ပေါ်မူတည်ပြီး

single entry

,double entry ,

multiple entry ကို လျှောက်ဖို့လိုအပ်ပါတယ်။

(သို့သော် Multiple , double တို့သည်ယခင်က single entry အနေနဲ့ လျှောက်ထားဖူးမှသာ လျှောက်လို့ရနိုင်ခြေများပါတယ်။ )

Visa ရရှိရန်အတွက် ဓာတ်ပုံရိုက်ရာတွင် အထူးသတိထားသင့်သောအချက်များ

– နောက်ခံအဖြူဖြစ်ရမည် ( ၂လက်မ ပတ်လည် )

– အကျီ အဖြူ မဖြစ်ရ

– မျက်မှန်မတပ်ရပါ

– နဖူး , နားရွက် ပေါ်ရပါမည်

Embassy Visa

သံရုံး မှ လျောက်ရသော Visa များ သည် ( ခရီးသွား AGENCY မှ လျောက်သော Group Visa ) မှ လွဲပြီး Individual လျောက်ရာတွင် လျောက်ထားသူကိုယ်တိုင် သံရုံးကို လိုက်ပါရန် လိုအပ်ပါတယ် ။

( Example : Italy / France / Japan / Korea / Germany VFS/ Netherland VFS/ UK / Bangaladesh / Canada / Austrullia )

Remark : ခရီးသွား AGENCY မှ လျောက်သော Group Visaများ လိုအပ်သော သံရုံး – Italy / France/ Germany VFS/ Netherland VFS/ UK

E visa ( Electronic Visa )

India , Malaysia , Dubai , Thai Visa ကဲ့သို့သော Online Visa အများစုက online မှတဆင့် လျှောက်ထားရသည်ဖြစ်တဲ့အတွက် လျှောက်ထားသူကိုယ်တိုင်သံရုံး လိုက်ပါစရာမလိုပဲ ဗီဇာလျှောက်ထားနိုင်ပါသည်။

နာမည်စာလုံးပေါင်း နဲ့ BANK BOOK

လျှောက်ထားမည့်သူရဲ့ passport ထဲက နာမည်စာလုံးပေါင်း , bank / မှတ်ပူံတင် / သန်းခေါင်စာရင်း / လုပ်ငန်း စာအုပ်ထဲက နာမည်စာလုံးပေါင်းတွေက တူညီရန်လိုအပ်ပါတယ်။

ဗီဇာလျှောက်ရာမှာ ဘဏ်စာအုပ်သက်တမ်းရှိရန်လည်း အရေးကြီးပါသည်။ ဗီဇာလျှောက်နီးမှ ဖွင့်ထားသောဘဏ်စာအုပ်များထက် ငွေအဝင်အထွက်ပုံမှန်လုပ်နေ‌သော ဘဏ်စာအုပ်များနဲ့ လျှောက်ထားရန် လိုအပ်ပါတယ်။

လျှောက်ထားလိုသော နိုင်ငံပေါ်မူတည်ပြီးတော့ ထားရှိရမည့် ပမာဏများလည်း ကွဲပြားနိုင်ပါတယ်။ စာအုပ်ဖွင့်ထားတဲ့ သက်တမ်းက အနည်းဆုံး ၆ လခန့် ရှိရပါမယ်။

တခြားသော လိုအပ်သော စာရွက်စာတမ်းတွေအနေနဲ့ကတော့… မိမိ လုပ်ကိုင်နေသော လုပ်ငန်း (သို့) အလုပ် ထောက်ခံ စာ / DICA / Extract သက်တမ်း ရှိ ပြရန် လိုအပ် ပါတယ်။