ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone Travels မှ Tour Leader နှင့် အဖွဲ့သားများတွေ့ဆုံပြီးနောက် သက်ဆိုင်ရာ လေကြောင်းလိုင်းတွင် Check in ဝင်ကြပါမည်။ရန်ကုန်မြို့မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာပါမည်။ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့သို့ရောက်ရှိပြီးနောက် ဒေသခံဧည့်လမ်းညွှန်၏ ဉီးဆောင်မှုနှင့်အတူ ညစာသုံးဆောင်ရန် ထွက်ခွာပါမည်။ ထိုမှတစ်ဆင့် ဒါနန်းမြို့၏အထင်ကရတံတားတစ်ခုဖြစ်သော Dragon Bridge ကိုနောက်ခံထား၍အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက်ဒါနန်းမြို့ရှိဟိုတယ်တွင် Check in ဝင်ကာ တစ်ညတာအိပ်စက်အနားယူကြပါ မည်။
ဟိုတယ်တွင် နံနက်စာဘူဖေးသုံးဆောင်ကြပါမည်။ ဒါနန်းမြို့၏အထင်ကရနေရာများဖြစ်သော Son Tra Peninsula ရှိ ကွမ်ရင်မယ်တော်ရုပ်ထုကြီးရှိရာနေရာတစ်ခုဖြစ်သည့် Ling Ung Pagoda သို့သွားရောက်လည်ပတ်ကြပါမည်။ထိုမှတစ်ဆင့် Nan Nuoc Stone Village ရှိ MarbleMountain သို့သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်ရှေးဟောင်းမြို့တော်လေးတစ်ခုဖြစ်သော ဟွေ့အန်းမြို့လေးသို့ သွားရောက်လည်ပတ်ကြပါမည်။ Bamboo Basket Boat စီးကာ Bay MauCoconut သစ်တောကိုလှည့်ပတ်ကြည့်ရှုကြပါမည်။ ဗီယက်နမ်၊ တရုတ်နှင့် ဂျပန်ရိုးရာစတိုင်များ လွှမ်းခြုံနေသည့် ဟွေ့အန်းရှိChinese Assembly Hall and Temples, old houses and Japanese Covered Bridge သို့သွားရောက်ကာအမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ ညစာကို ဟွေ့အန်းရှိစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဒါနန်းမြို့သို့ပြန်လာကာတစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာဘူဖေးသုံးဆောင်ပြီးနောက် Check out ထွက်ကြပါမည်။ ကမ္ဘာ့ဒုတိယအရှည်ဆုံးကောင်းကင်ရထား Cable Car ကိုစီးကာ ပြင်သစ်စတိုင်ရဲတိုက်ဟောင်းများရှိရာ Ba Na Hills သို့သွားရောက်လည်ပတ်ကြပါမည်။ သီးခြားကမ္ဘာ တစ်ခုအဖြစ် ဖန်တီးထားသောဘနာဟေးတောင်ပေါ်တွင် Golden Hand Bridge ရွှေလက်တံတားအပါအဝင် ဂိမ်းကစားနည်း များ၊ ရိုလာကိုစတာ၊သစ်ခွပန်းခြံ၊ ဝိုင်ခြံနှင့် ဘုရားသို့သွားရောက်ကာ အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ နေ့လည်စာကို တောင်ပေါ်ရှိစားသောက်ဆိုင်တွင် ဘူဖေးသုံးဆောင်ကြပါမည်။ ထိုမှတစ်ဆင့်ဒါနန်းလေဆိပ်သို့ ပြန်လည်ထွက်ခွာလာကာ ဒါနန်းမှတစ်ဆင့် ဟနွိုင်းသို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာလာပါမည်။ ညစာကို ဟနွိုင်းမြို့ရှိ စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် ဟိုတယ်သို့သွား၍ Check in ဝင်ကာတစ်ညတာအိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာဘူဖေးသုံးဆောင်ကြပါမည်။ဟနွိုင်းမြို့၏အထင်ကရနေရာဖြစ်သော Ba Dinh Square သို့သွားရောက် လည်ပတ်ကြပါမည်။ ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးအမျိုးသားခေါင်းဆောင်ဖြစ်သော ဟိုချီမင်း၏ ရုပ်အလောင်းအား မပုပ်မသိုးဆောင် ထားရှိထားသော ဂူဗိမာန်၊ ဟိုချီမင်း၏နေအိမ်ဟောင်းနှင့် အသုံးအဆောင်ပစ္စည်းများ၊ သားဆုပန်ရာနေရာ One Pillar Pagoda၊ ပြင်သစ်စတိုင် သမ္မတနေအိမ်ဟောင်း၊ ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးတက္ကသိုလ်ဖြစ်သော Temple of Literature စသည့်နေရာများသို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဘူဖေး စားသောက်ဆိုင်တစ်ခုဖြစ်သော Sen Tay Ho Buffet တွင် ဟင်းအမျိုးပေါင်း ၂၀၀ ကျော်ဖြင့် တည်ခင်းဧည့်ခံသုံးဆောင်ကြပါမည်။ ဟနွိုင်းမြို့ရှိ Aeon Shopping Mall သို့မဟုတ် Lotte Shopping Mall တို့တွင် စိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ရန် ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာဘူဖေးသုံးဆောင်ပြီးနောက် Check out ထွက်ကာ ပင်လယ်ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်သော ဟလောင်းမြို့သို့ခရီးဆက်ကြပါမည်။ ဟလောင်းဘေးသို့ (၃)နာရီခန့် စီးနှင်းကာ ဆိပ်ကမ်းသို့ ထွက်ခွာကြပါမည်။ UNESCO အသိအမှတ်ပြုကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟလောင်းပင်လယ်အော်သို့ အပျော်စီးသင်္ဘောဖြင့် သွားရောက်လည်ပတ်ပါ မည်။ လှပသောထုံးကျောက်တောင်ကျွန်းများ Stone Dog, Incense Burner Islet အား ဖြတ်သန်းမောင်းနှင်ရင်း အလှ ဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့အပြင် Paradise Grotto (Thien Cung) ကျောက်ဂူအတွင်းသို့ ဝင်ရောက်လည်ပတ် ကြပါမည်။ နေ့လည်စာကို Cruise ပေါ်တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဟနွိုင်းသို့ပြန်လာကြပါ မည်။ ဟနွိုင်းလေဆိပ်သို့သွားရောက်၍ သက်ဆိုင်ရာလေကြောင်းလိုင်းတွင် Check in ဝင်ကာ ရန်ကုန်သို့ လေကြောင်းခရီးစဉ် ဖြင့်ပြန်လည်ထွက်ခွာလာပါမည်။