Star Zone

img-3

ထိုင်ဝမ်ခရီးစဉ်

တိုင်ပေ - ထိုင်ချုံး - ချိုင်ရီ - ကောင်းရှုံး - ထောင်ယွမ်

(၅ညအိပ်၆ရက်)

Fengji Night Market

Fengji Night Market​

Day 01 Yangon – Taipei

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အဖွဲ့သားများတွေ့ဆုံကြပြီးနောက် သက်ဆိုင်ရာလေကြောင်းလိုင်းတွင် Check in ဝင်ရောက်ပြီးနောက် တိုင်ပေမြို့သို့စတင်ထွက်ခွာကြပါမည်။ လေဆိပ်တွင်ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး တိုင်ချုံးမြို့သို့ သွားရောက်ပါမည်။ ညစာကို local restaurant တွင်သုံးဆောင်ပြီးနောက် တိုင်ချုံးမြို့ရှိစည်ကားလှပသော Fengji Night Market သို့သွားရောက်လည်ပတ်ကာ ထွက်ကြပါမည်။ထို့နောက်ဟိုတယ်တွင် Check in ဝင်ကာတစ်ညတာ အိပ်စက်အနားယူ ကြပါမည်။

China Airlines

Day 02 Taichung – Sun Moon Lake - Chiayi

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check out ထွက်ကာ တိုင်ချုံးမြို့၏သဘာဝအငွေ့အသက်များဖြင့် ပန်းချီကားချပ် ပမာ သာယာလှပလွန်းသော Sun Moon Lake သို့သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် Boat စီး၍ Xuankuang Temple နှင့် ဖူးစာရေး နတ်မင်းကြီးစောင့်ရှောက်ရာ Wen Wu Temple တရုတ်ဘုရားကျောင်းများသို့ ပျော်ရွှင်စွာလည်ပတ်ကြပါမည်။ ညစာကို Local restaurant တွင် သုံးဆောင်ကြပြီး Chiayi မြို့သို့ ဆက်လက်သွားရောက်လည်ပတ်ကြပါမည်။ ညစာသုံးဆောင် ပြီးနောက် ဟိုတယ်တွင် Check in ဝင်ပြီး အေးချမ်းစွာအိပ်စက်အနားယူကြပါမည်။

Xuankuang Temple

Wen Wu Temple

Sun Moon Lake

Kaohsiung

Pineapple Castle

Shouzhen Temple

Day 03 Chiayi – Alishan – Kaohsiung

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check out ထွက်ကာ ချိုင်ရီမြို့မှ အားလီစန်းမြို့ရှိ သဘာဝအလှတရားများဖြင့် စိမ်းလန်းသာယာလှပသော National Scenic Area ရှိ Shouzhen Temple နေရာများသို့ အမှတ်တရဓါတ်ပုံများရိုက်ကူးကြရင်း ပျော်ရွှင်အေးချမ်းစွာ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်အားလီစန်းမြို့မှ ကောင်းရှုံးမြို့သို့ ၃နာရီ ကြာခရီးဆက်ပါမည်။ ကောင်းရှုံးမြို့သို့ ရောက်ရှိပါကနာမည်ကျော် ထိုင်ဝမ်နာနတ်သီးမုန့်များရောင်းချနေသော Pineapple Castle သို့သွားရောက်ပါမည်။ ထို့နောက် ကောင်းရှုံးမြို့၏နာမည်ကျော် ဈေးတန်းလမ်းတစ်ခုဖြစ်သည့် Shin Ku Chan သို့သွား ရောက်ကာ ညစာသုံးဆောင်ပြီးနောက် စိတ်ကြိုက်ဈေးဝယ်နိုင်ရန်ပို့ဆောင်ပေးပါမည်။ ဟိုတယ်သို့ Check in ဝင်ပြီးတစ်ညတာ အိပ်စက်အနားယူကြပါမည်။

Day 04 Kaohsiung – Taipei

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check out ထွက်ကာ စိမ်းလမ်းလှပသောရှုခင်းများကို ကြည့်ရှုခံစားရင်း Kaohsiung Fo Guang Shan Buddha Memorial Hall သို့သွားရောက်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ထူးခြားလှပသော Chunqiu Pavilion နှင့်နဂါးပါးစပ်မှဝင်ရောက်ပြီး ကျားပါးစပ်မှပြန်ထွက်လျှင် အလုံးစုံကံကောင်းခြင်းနှင့် ပြည့်စုံသည်ဟုယုံကြည်သက်ဝင်ကြသော ကျားနှင့်နဂါးရုပ်ထုတည်ရှိရာ Lianchitan Temple သို့သွားရောက်ပြီးပျော်ရွှင်စွာလည်ပတ်ကြပါမည်။ ထို့နောက်မြန်နှုန်းမြင့်ရထားဖြင့် တိုင်ပေသို့သွားရောက် ပါမည်။ တိုင်ပေသို့ရောက်ရှိလျှင်တချိန်က ကမ္ဘာ့အမြင်ဆုံးအဖြစ်ရပ်တည်ခဲ့သော Taipei 101 Tower 89th Floor Observatory သို့တက်ရောက်ပြီး တိုင်ပေမြို့၏အလှအပများကိုအပေါ်စီးမှကြည့်ရှုခံစားကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ သွား၍ check in ဝင်ကာတစ်တညတာအိပ်စက်အနားယူကြပါမည်။

Kaohsiung Fo Guang Shan Buddha Memorial

Lianchitan Temple

Taipei 101 Tower 89th Floor Observatory

Chiang Kai – Shek Memorial Hall

Yehliu Geological Park

Jiufen Old Street

Day 05 Taipei

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရေမြေတောတောင် သဘာဝအလှတရားများနှင့် ကျဉ်းမြောင်းလှသော လမ်းကလေး များထဲတွင် ရိုးရာဆိုင်ခန်းလေးများ ဖွင့်လှစ်ထားရာ Jiufen Old Street တွင်မီးပုံးလေးများလွှတ်ပြီး အမှတ်တရ လက်ဆောင်များ ဝယ်ယူနိုင်ရန် ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဘုရင်မဉီးခေါင်းပုံစံ၊ နဂါးပုံစံ၊ မှိုပွင့်ပုံစံများနှင့် ထူးခြား ဆန်းပြား အံ့ဩဖွယ်သဘာဝအတိုင်းဖြစ်ပေါ်နေသော ကျောက်တုံးကြီးများတည်ရှိရာ Yehliu Geological Park သို့ အမှတ်တရ ဓါတ်ပုံများရိုက်ကူးရင်း သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ထိုင်ဝမ်၏ အမျိုးသားအထိမ်းအမှတ် အဆောက်အဉီး တစ်ခုလဲဖြစ်ပြီး ခမ်းနားထည်ဝါသော Chiang Kai – Shek Memorial Hall သို့သွားရောက်လည်ပတ်ကြပါမည်။ Ximending Night Market တွင် ဈေးဝယ်ထွက်နိုင်ရန်ပို့ဆောင်ပေးပြီး ညစာကို Local restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်၍ check in ဝင်ကာတစ်ညတာအိပ်စက်အနားယူကြပါမည်။

Day 06 Taipei - Yangon

ဟိုတယ်မှ Breakfast Box များသယ်ဆောင်၍ နံနက်စောစော လေဆိပ်သို့သွားရောက်ကာ သက်ဆိုင်ရာလေကြောင်းလိုင်းတွင် check in ဝင်ကြပါမည်။ ထို့နောက် ထောင်ယွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ပြန်လာကာ ခရီးစဉ်ပြီးဆုံး မည်ဖြစ်ပါသည်။