Star Zone

🌟ပြည်ပ နိုင်ငံများသို့ သွားရောက်မည့်သူများ မဖြစ်မနေသိထားရမည့်အချက်များ❗️❗️

Travel Knowledge

Hello!
ဒီနေ့မှာတော့ ပြည်ပနိုင်ငံများကို သွားရောက်လည်ပတ်ကြမယ့် Star Zone Travels ရဲ့ဧည့်သည်တော်များအတွက် ခရီးမထွက်ခင်မှာ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။💁


⚡️ Passport သက်တမ်း အနည်းဆုံး (၆)လ ကျန်ရှိရမည်။ from your travel date.

⚡️ Passport ပေါ်မှာပါရှိတဲ့ နာမည်နဲ့ လေယာဉ်လက်မှတ်ဖြတ်ထားတဲ့ နာမည်က တူညီဖို့လိုအပ်ပါတယ်
၊ဒါ့အပြင် လေယာဉ်ဆိုက်ရောက်မည့်အချိန်၊ ထွက်ခွာမယ့်အချိန်တွေနဲ့ ဟော်တယ် Check In,Check out အချိန်တွေကို လည်းသေချာစစ်ထားသင့်ပါတယ်။

⚡️ Airport check-in counter သို့ လေယာဉ်ချိန်မတိုင်မှီ (၂) နာရီ ကြိုရောက်ရပါမည်။

⚡️ လေယာဉ်ပေါ်မတက်ခင် Boarding Pass ကို စစ်ဆေးဖို့လိုအပ်ပြီး
Immigration ဖြတ်တဲ့အခါလွယ်ကူဖို့ White Card ကိုကြိုတင်ဖြည့်ထားသင့်ပါတယ်။

⚡️ Flight change/ Date change/ Cancel များပြုလုပ်မည်ဆိုပါက ထွက်ခွာချိန်မတိုင်မီ (၄၈) နာရီ ကြိုတင်ဆောင်ရွက်ရပါမည်။.

⚡️ 6. Carry your original passport along with your COVID-19 vaccination certificate (if the destination country still requires it).

⚡️ နိုင်ငံကြီး ခရီးစဉ်တွေအတွက် Arrival visa/ Transit visa/ Tourist Visa/ Business Visa လိုအပ်ချက်ကိုကြိုတင်သိရှိရပါမည်။

⚡️ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့ပါကမြန်မာ သံရုံးများသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူကူးထား၍ သိမ်းထားရန် လိုအပ်ပါသည်။


မြန်မာနိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ် မိတ္တူ(Soft Copy)အနေဖြင့် မိမိ၏ email (သိုမဟုတ်) အခြားလုံခြုံစိတ်ချရသည့် အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်မည့် ဝက်ဘ်ဆိုက်များ (ဥပမာ - Google Drive) တွင် ထိန်းသိမ်းထားပါက ပိုမိုအဆင်ပြေစေမည် ဖြစ်ပါသည်။

ပျောက်ဆုံးကြောင်းတိုင်းကြားပါက မြန်မာနိုင်ငံကူးလက်မှတ်အမှတ်၊ ထုတ်ပေးသည့်နေစွဲများလည်းသိရှိရန်လိုအပ်ပါသည်။

Post navigation