Star Zone

Dubai- Abu Dhabi
(၅ညအိပ်/၆ရက်)

img-3

DAY 01: YANGON - DUBAI-ABU DHABI

 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone အဖွဲ့ခေါင်းဆောင်နှင့်တွေ့ဆုံကြပြီးနောက် MAI လေကြောင်းလိုင်းသို့ Check In ဝင်ရောက်ပါမည်။ ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ ထွက်ခွာကြပါမည်။ ဒူဘိုင်းလေဆိပ်သို့ ရောက်ရှိလာပြီးနောက် ဒေသခံဧည့်လမ်းညွှန်၏ ဦး‌ဆောင်မှုနှင့်အတူ နေ့လည်စာ International Buffet သုံး‌ဆောင်ရန်ထွက်ခွာကြပါမည်။ အဘူဒါဘီသို့ ရောက်ရှိပြီးနောက် ရှေးဟောင်းရိုးရာ အဆောက်အဦးများ လူနေမှုပုံစံများကို လေ့လာနိုင်မည့် Heritage Village သို့ ပို့ဆောင်ပေးပါမည်။ ပြီးနောက် စွန်ပလွန်ခြောက်များ ဝယ်ယူနိုင်သည့် Dates Market သို့ ပို့ဆောင်ပေးပါမည်။ ညစာကို Thai Set Menu သုံး‌ဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အိပ်စက်အနားယူပါမည်။

Heritage Village

Dates Market

Heritage Village

DAY 02: ABU DHABA

ဟိုတယ်တွင်နံနက်စာ သုံး‌‌ဆောင်ကြပြီးနောက် United Arab Emirates ၏မြို့တော်ဖြစ်သော Abu Dhabi ရှိ Etihad Tower နှင့် Presential Palace ရှေ့တွင် အလှဓာတ်ပုံများရိုက်ကြပါမည်။ ပြီးနောက် YAS Mall သို့ သွားရောက်ကာ ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် နာမည်ကျော် Ferrari World YAS ISLAND သို့ ဝင်ရောက်လေ့လာလည်ပတ်ကြပါမည်။ နေ့လည်စာ သုံး‌ဆောင်နိုင်ရန် Lunch Coupon ပေးအပ်ပါမည်။ ညနေပိုင်းတွင် Emirates Palace သို့ သွားရောက်ကာ ရွှေကော်ဖီနှင့် ရွှေကိတ် တို့ဖြင့် တည်းခင်းဧည့်ခံပါမည်။ ညစာကို International Buffet သုံးဆောင်ကြပါမည်။ ပြီးနောက် ဟိုတယ်သို့ ပြန်ကာ တစ်ညတာအိပ်စက်အနားယူကြပါမည်။

Etihad Tower

Gold Coffee & Cake

Ferrari World

DAY 03: DUBAI

ဟိုတယ်တွင် နံနက်စာသုံး‌ဆောင်ပြီးနောက် Check out ပြုလုပ်ကြပါမည်။ ယူအေအီးနိုင်ငံ၏ အကြီးဆုံး ဗလီဖြစ်သော Sheikh Zayed Grand Mosque Abu Dhabi သို့ ဝင်ရောက်လေ့လာလည်ပတ်ကြပါမည်။ ပြီးနောက် ဒူးဘိုင်းသို့ ပြန်လည်ထွက်ခွာလာကာ နေ့လည်စာကို Chinese Set Menu ဖြင့် သုံး‌ဆောင်ကြပါမည်။ နာမည်ကျော် Desert Safari ဒူဘိုင်းသဲကန္တာရ အတွင်း ရိုလာကိုစတာစီးရသကဲ့သို့ ရင်ခုန်နိုင်စေရန် (4×4 Wheels SUV Cruiser) စီးကာလည်ပတ်ကြပါမည်။ သစ်ကုလားအုတ်စီးခြင်း၊ အပျော်တမ်း ဒမ်းဆိုးခြင်းတို့ကို ပျော်ရွင်စွာ လုပ်‌ဆောင်နိုင်ကြပါမည်။ အာရပ်မိန်းမပျိုလေးများ၏ မိနစ်ပိုင်းအတွင်း စိတ်အာရုံကို ဖမ်းစားနိုင်သော ရင်သပ်ရှုမောဖွယ် Belly Dance အက ဖျော်ဖြေတင်ဆက်မှုနှင့်အတူ Arabian Style BBQ Dinner (VIP Service) ဖြင့် တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ဒူဘိုင်းမြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Desert Safari

Sheikh Zayed Grand Mosque Abu Dhabi

Desert Safari

Desert Safari

DAY 04: DUBAI

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အကြီးဆုံး ပန်းဥယျာဉ်ဖြစ်သည့် Miracle Garden သို့ သွားရောက်ကာ အလှဓာတ်ပုံများ ရိုက်ကူးကြပါမည်။  ကမ္ဘာ့အကြီးဆုံး ကျွန်းတု The Palm Island ကျွန်းသို့ One way Mono Rail ရထား ဖြင့်သွားရောက်လည်ပတ်ပါမည်။နေ့လည်စာကို 5 Star Hotel ဖြစ်သည့် Atlantis The Palm ဟိုတယ်ရှိ  Intl’ Buffet ဖြင့် တည်ခင်းဧည့်ခံပါမည်။  Dubai Water Fountain Show အားကြည့်ရှုခံစားကြပါမည်။ ပြီးနောက် ဒူဘိုင်းမြို့တွင် အကြီးဆုံး Shopping Mall ဖြစ်သည့် Dubai Mall သို့သွားရောက်ကာ စိတ်ကြိုက်ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Buffet Hot pot သုံးဆောင်ကြပါမည်။ ထိုမှတဆင့်ညလေညှင်းလေးကို ခံစားနိုင်ရန် ဇိမ်ခံ Hammer Limousine တံခါး(၆)ပေါက်ကားကြီးစီးကာ ဒူဘိုင်းမြို့အတွင်းခမ်းနားစွာ လည်ပတ်ကြပါမည်။ ပြီးနောက် ဟိုတယ်သို့ ပြန်ကာတစ်ညတာအိပ်စက်အနားယူကြပါမည်။

Dubai Water Fountain Show

Dubai Water Fountain Show

Hammer Limousine

The Palm Island

DAY 05: DUBAI

ဟိုတယ်တွင် နံနက်စာသုံး‌ဆောင်ကြပြီးနောက် Dubai City Tour စတင်လည်ပတ်ပါမည်။ ရှေးခေတ် ဒူဘိုင်းနှင့် မျက်မှောက်ခေတ် ဒူဘိုင်းမြို့အား မျက်ဝါးထင်ထင် မြင်တွေ့ လေ့လာနိုင်ရန် Dubai Frame သို့သွားရောက်လည်ပတ်ပါမည်။ ပြီးနောက် Dubai Creek ဒူဘိုင်းတူးမြောင်းအား Water Taxi ဖြင့်ဖြတ်သန်းမောင်းနှင်ပြီး ဒူဘိုင်းရွှေကြိုက်နှစ်သက်သူများအတွက် Gold Souk ‌ရွှေဆိုင်းနှင့် Spice Souk ဟင်းခတ်အမွှေးကြိုင်ဆိုင်များသို့ သွားရောက်ဝယ်ယူနိုင်ရန် ပို့ဆောင်ပေးပါမည်။ နာမည်ကျော် Jumeirah Beach သို့သွားရောက်ကာ Free & Easy အပန်းဖြေပြီး 7 Star Hotel ဟု လူသိများကြသည့် Burj AI Arab ဟိုတယ်နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို Intl’ Buffet သုံး‌ဆောင်ကြပြီးနောက် နာမည် ကျော် Burj Khalifa အဆောက်အဦးကြီး၏ ၁၂၄ ထပ်အမြင့်သို့လည်း တတ် ရောက်ကာ ဒူဘိုင်းမြို့အလှကို အပေါ်စီးမှ ကြည့်ရှုခံစား ကြပါမည်။ Dubai Marina Mall သို့ Free & Easy Shopping ပို့ဆောင်ပေးပါမည်။  ညစာကို Buffet သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ  တစ်ညတာ အိပ်စက်အနား ယူကြပါမည်။

Dubai Frame

Gold Souk

Burj AI Arab

DAY 06: DUBAI-YANGON

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ ဒူဘိုင်းလေဆိပ်သို့ ထွက်ခွာကြပါမည်။ ဒူဘိုင်းမှ ရန်ကုန်သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာကြပြီးနောက် ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိလာပါမည်။