Star Zone

img-3

BEIJING-SHANGHAI-XI’AN (07 DAYS/06 NIGHTS)

Day 01: Yangon-Beijing

Bird Nest National Stadium

Beijing Panda Zoo

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ ဘေကျင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ညပိုင်း အချိန်ခါ တွင် ထွက်ခွာကြပါမည်။ ဘေကျင်းမြို့သို့ နံနက်အစောပိုင်းအချိန်တွင် ရောက်ရှိပြီးနောက် ဒေသခံဧည့်လမ်းညွှန်၏ ဉီးဆောင်မှုနှင့် အတူ နံနက်စာသုံးဆောင်ရန်ထွက်ခွာကြပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် ဘေကျင်းမြို့ရှိ ဟိုတယ်သို့သွားရောက်၍ Early check in ဝင်ကာ ခေတ္တအနားယူကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဧက ၂၀၀ ခန့် ကျယ်ဝန်းသော Beijing Panda Zoo သို့သွားရောက်၍ ချစ်စဖွယ် ပန်ဒါလေးများကို သွားရောက်ကြည့်ရှု လေ့လာကြပါမည်။ ထိုမှတစ်ဆင့် လှပဆန်းကျယ်သော အမျိုးသား အားကစားရုံတခုဖြစ်သည့် Water Cube + Bird nest ကိုနောက်ခံထား၍ အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ စိတ်ဝင်စားဖွယ် ပြကွက်များကို ရင်တမမကြည့်ရှုရမည့် နာမည်ကျော်ဆပ်ကပ်ပြပွဲ တစ်ခုဖြစ်သော (Acrobatic Show) သို့သွားရောက်ကြည့်ရှုကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Water Cube National Stadium

Day 02 : Beijing

Sanlitun Village Shopping Area

Forbidden City

Sanlitun Village Shopping Area

Temple of Heaven

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် နိုင်ငံတော်အခမ်းအနားများကျင်းပရာ Tiananmen Square ကို ဖြတ်သန်း၍ ရှေးအခါကပြည်သူများ ဝင်ရောက်ခြင်းကိုတားမြစ်ထားသည့် UNESCO စာရင်းဝင်တစ်ခုဖြစ်သော တားမြစ်မြို့တော်ဖြစ်သည့် Forbidden City သို့သွားရောက်ကာအမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ နေ့လည်စာ ကိုဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် တရုတ်ဘုရင်များ ကောက်ပဲသီးနှံ ဖြစ်ထွန်းရန် ဝတ်ပြုဆုတောင်းခဲ့သော Temple of heaven သို့ သွားရောက်လည်ပတ်ကြပါမည်။ ဘေကျင်းမြို့၏ အထင်ကရ ဈေးဝယ်နေရာတစ်ခုဖြစ်သော Sanlitun Village Shopping Area သို့သွားရောက်၍ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာအိပ်စက် အနားယူကြပါမည်။

Day 03: Beijing – Xi’An

Bullet Train (Beijing to Xi'An)

Cable Car to Great Wall

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အံဖွယ်တစ်ခုဖြစ်သော UNESCO အသိအမှတ်ပြု မဟာ တံတိုင်း Great wall သို့ Mutianyu Station မှတစ်ဆင့် Cable car စီး၍ သွားရောက်လည်ပတ်ကာ အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဘေကျင်းဘူတာသို့သွားရောက်ကာ ထိုမှတစ်ဆင့် ရှီအန်းမြို့ သို့ ကျည်ဆန်ရထား (bullet train) စီး၍ ၄နာရီခန့်ကြာခရီးဆက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ရှီအန်းမြို့ရှိဟိုတယ်တွင် Check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Great Wall

Day 04 : Xi’An

Terracotta Warriors and Horses

Great Tang All Day Mall

Big Wild Goose Pagoda

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ရှီအန်းမြို့ရှိ နာမည်ကျော်ကြားပြီးရှေးသုတေသန ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်သော Terracotta Warriors and Horses ကိုသွားရောက်လည်ပတ်ပြီး မြေတပ်သား ၇၀၀၀ ကျော်နှင့် မြင်းများ၊ ရထားများ၊ လက်နက်များကို လေ့လာကြပါမည်။ ထို့နောက် မင်မင်းဆက်၏ကြီးမားသော ဗိသုကာလက်ရာများထဲမှ တစ်ခုဖြစ်သော Ancient City Wall သို့သွားရောက်လည်ပတ်ကာအမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ဆက်လက်၍မြို့တော်၏သမိုင်းဝင်အထင်ကရနေရာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင် နေသော Big Wild Goose Pagoda တွင်စေတီတော်ရှိ ကမ္ဗည်းကျောက်စာများကို လေ့လာနိုင်ရန်ပို့ဆောင်ပေးပါမည်။ ယင်းနောက် Great Tang All Day Mall သို့ သွားရောက်လည်ပတ်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Day 05 : Xi’An-Shanghai

Muslim Street

Shanghai Airlines

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ကာ ရှီအန်းမြို့ရှိ ၁၃၈၀ ခုနှစ်များအတွင်းရှိ မင်မင်း ဆက်၏ ခမ်းနားထည်ဝါပြီး တရုတ်နိုင်ငံ ကြွယ်ဝသောအတိတ်သင်္ကေတတစ်ခုဖြစ်သည့် Bell and Drum Tower Square သို့သွားရောက် လည်ပတ်ကြပါမည်။ ဆက်လက်၍ Ming နှင့် Qing မင်းဆက်စတိုင်လ်အဆောက်အအုံများ၊ သစ်ပင်များတန်းစီစိုက်ပျိုး ထားသောလမ်းများ၊ မွတ်ဆလင်ယဉ်ကျေးမှုများကိုတွေ့ရှိနိုင်သော Street food ဆိုင်များဖြင့် စည်ကားသည့် Muslim Street သို့သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ရှီအန်းလေဆိပ်သို့သွားရောက်ကာ ထိုမှတစ်ဆင့် ရှန်ဟိုင်းမြို့သို့ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာပါမည်။ ရှန်ဟိုင်းရှိစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့သွား၍ Check in ဝင်ကာ တစ်ညတာအိပ်စက်အနားယူ ကြပါမည်။

Bell and Drum Tower Square

Day 06 : Shanghai

Chenghuangmiao Old Street

Oriental Pearl Tower (Shanghai City)

Jade Buddha Temple

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ၁၈ ရာစုဝန်းကျင်ခန့်က မြန်မာနိုင်ငံမှ ပင့်ဆောင်ပူဇော်ထားရှိသော ထိုင်တော်မူ နှင့် လျောင်းတော်မူကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူရာ Jade Buddha Temple သို့ သွားရောက်ဖူးမြော် ကြပါမည်။ သစ်ပင်ပန်းမန်များ၊ နားနေရန် တရုတ်ပုံစံဇရပ်များ၊ ရေကန်များနှင့် အလွန်သာယာ လှပသော Yu Garden သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက်ရှန်ဟိုင်းမြို့၏ နာမည်ကျော်ကြားသော Chenghuangmiao Old Street သို့ လည်ပတ် ကြပါမည်။ ပြီးနောက် ရှန်ဟိုင်းမြို့ Hangpu မြစ်ကမ်းနံဘေးရှိ မီတာ (၅၀၀) မြင့်သော Oriental Pearl Tower (2nd Ball) မှစိတ်လှုပ်ရှားဖွယ် Sky Glass Walk Experience ကိုခံစားကြပြီး လှပသော ရှန်ဟိုင်းမြို့အလှကို အပေါ်စီးမှကြည့်ရင်း နေ့လည်စာသုံးဆောင်ကြပါမည်။ ဆက်လက်၍ လူစည်ကား သော The Bund ကမ်းနားသို့သွားရောက်၍ ရှန်ဟိုင်းမြို့ညအလှကို ကြည့်ရှုခံစားရင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ Hangpu မြစ်ကမ်းတစ်လျှောက် အပျော်စီးသင်္ဘောစီးရင်း အပန်းဖြေကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ တစ်ညတာအိပ်စက်အနားယူကြပါမည်။

Day 07 : Shanghai - Departure

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် မိမိတို့စိတ်ကြိုက်အပန်းဖြေကြပါမည်။ ထို့နောက် Check out ထွက်ကာ ရှန်ဟိုင်းလေဆိပ်သို့ထွက်ခွာကြပါမည်။ ရှန်ဟိုင်းမှတစ်ဆင့် ရန်ကုန်သို့ Transit flight စီး၍ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာလာကြပါမည်။