Star Zone
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone Travels မှ အဖွဲ့ခေါင်းဆောင်နှင့် ဆုံတွေ့ကြပြီး သက်ဆိုင်ရာ လေကြောင်းတွင် Check In ဝင်ရောက်ပါမည်။ ရန်ကုန်မှမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြပါမည်။ ကွာလာလမ်ပူလေဆိပ်သို့ ရောက်ရှိလာပြီး အသင့်စောင့်ကြိုနေသော ဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက်
Putrajaya မြို့လေးသို့ သွားရောက်ပြီး နေ့လည်စာ သုံးဆောင်ကြပါမည်။ Putrajaya မြို့လေးရှိ Putra Square, Pink Mosque , Lake Putrajaya and Warisan Bridge များသို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဂျန်းတင်းဟိုက်လန်းသို့ ကားဖြင့် (၂)နာရီကြာ သွားရောက်ကြပါမည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀ကျော်အမြင့်တွင် တည်ရှိသောမြို့လေး Genting Higlands သို့ Cable Car ဖြင့် တက်ရောက်ပြီး ကာစီနိုများနှင့် နာမည်ကျော် Branded များရောင်းချရာ မြို့လေးတွင် လည်ပတ်နိုင်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ် Check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ Genting Premium Outlet တွင် ပေါ့ပေါ့ပါးပါး စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် Genting Highlands မှတစ်ဆင့် ကွာလာလမ်ပူသို့ သွားရောက်ကြပါမည်။ ထို့နောက် ဟိန္ဒူရိုးရာ မူရူဂန်ရုပ်ထုကြီးရှိရာ Batu Cave သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ကွာလာလမ်ပူ၏ Land Mark တစ်ခုဖြစ်သော Petronas Twin Towers ကို နောက်ခံထား၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် Saloma Bridge နှင့် Bukit Bintang တွင် စိတ်ကြိုက်လည်ပတ်နိုင်ပါသည်။ ညစာကို local restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check in ဝင်ကာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် မလေးရှား လွတ်လပ်ရေးအထိမ်းအမှတ်များ ကျင်းပရာ Independence Square သို့ သွားရောက်လေ့လာကြပါမည်။ မလေးရှားဘုရင် မြင့်မြတ်နေထိုင်ရာ ခမ်းနားထည်ဝါလှပသော King’s Palace (Outlook Only) သို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် Merdeka ၏ အထင်ကရ မြစ်တစ်ခုဖြစ်သော Iconic River of life သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Central Market / China Town နှင့် The Exchange TRX တို့တွင် Free & Easy စျေးဝယ်ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ကာ ကွာလာလမ်ပူလေဆိပ်မှတဆင့် ရန်ကုန် သို့ထွက်ခွာရန် လေကြောင်းလိုင်းကောင်တာတွင် Check In ဝင်ရောက်ပြီး သက်ဆိုင်ရာ လေကြောင်းခရီးစဥ်ဖြင့် ရန်ကုန်သို့ထွက်ခွာလာပါမည်။ နေ့လည်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
Include Child Or not * : YesNo
Tentative Travel Date * :