Star Zone

Singapore
(4Days/3Nights)ခရီးစဥ်

img-3

Merlion

DAY 01: YANGON – SINGAPORE

Suntec City

Esplanade Theater

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone Travels မှ အဖွဲ့ခေါင်းဆောင်နှင့် ဆုံတွေ့ကြပြီး သက်ဆိုင်ရာ လေကြောင်းတွင် Check In ဝင်ရောက်ပါမည်။ ရန်ကုန်မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်  ထွက်ခွာကြပါမည်။ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ရောက်ရှိလာပြီး အသင့်စောင့်ကြိုနေသော ဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက် နေ့လည်စာ သုံးဆောင်ကြပါမည်။ ထို့နောက် စင်ကာပူ၏ Land Mark တစ်ခုဖြစ်သော Merlion Park နှင့် Esplanade Theater, Suntec City စသော အထင်ကရ နေရာများအား လည်ပတ်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ် Check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

DAY 02: SINGAPORE

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော် China Town သို့လည်း သွားရောက်လည်ပတ်ကြပါမည်။ ဗုဒဘာသာဘုရားကျောင်းဖြစ်သည့် Buddha Tooth Relic Temple သို့ သွားရောက်ဖူးမြော်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Changi City Point Shopping Mall တွင် စိတ်ကြိုက်စျေးဝယ်ထွက်ကြပါမည်။ ညနေပိုင်းတွင် အမှတ်တရလက်ဆောင်များ ဝယ်ယူရန် Bugis Street သို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Buddha Tooth Relic Temple

Changi City Point Shopping Mall

Buddha Tooth Relic Temple

Garden by the Bay

DAY 03: SINGAPORE – GARDEN BY THE BAY

Orchard Area

Garden by the Bay

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် စင်ကာပူနိုင်ငံ၏ နာမည်ကျော် Marina Bay Sands သို့ သွားရောက်လည်ပတ်ကြပါမည်။ Super Tree များဖြင့် အလှဆင်ထားသော Cloud Forest နှင့် သစ်ပင်များ  ပန်းမျိုးစိတ်မျိုးစုံကို ထူးထူးခြားခြားလှပစွာ စိုက်ပျိုးထားသော Flower Dome များရှိရာ Garden by the Bay သို့ သွားရောက်လည်ပတ်ကြပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက် Orchard Area သို့ သွားရောက်လည်ပတ်ပြီး Shopping ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

DAY 04: SINGAPORE

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ကာ စင်ကာပူနိုင်ငံ Changi လေဆိပ်သို့ သွားရောက်ကြပါမည်။ ထို့နောက် လေယာဉ်ချိန်ပေါ် မူတည်ကာ ရန်ကုန်သို့ စိတ်အေးချမ်းသာစွာ ပြန်လာကြပါမည်။

Changi Airport

Duel Park at Changi Airport

Water show at Terminal 2