
Tour/Destination highlight
ရာသီဉတုအေးအေးလေးမှာ Owakudaniအခိုးအငွေ့တွေအပြည့်နဲ့ မှိုင်းညို့နေပြီးတော့ Fuji တောင်ရဲ့ အလှအပတွေကိုပါ ခံစားနိုင်မယ့် ဆာကူရာမြေရဲ့ Owakudani... Mount Fuji!
✨ မီးတောင်ပေါ်မှာ ရပ်နေရတဲ့ ခံစားမှု:
Owakudani က လွန်ခဲ့တဲ့နှစ်ပေါင်း 3,000 ကျော်လောက်က မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ နေရာတစ်ခုပါ.. မြေကြီးပေါ်ကနေ ထွက်နေတဲ့ အခိုးအငွေ့ဖြူဖြူတွေ၊ ပွက်ပွက်ဆူနေတဲ့ ရေပူစမ်းတွေနဲ့ Owakudani က မီးတောင်တစ်ခုပေါ်မှာ ရပ်နေရတဲ့ ခံစားမှုမျိုးကို ရစေနိုင်ပါတယ်....
🌄 အသက်ရှုမှားလောက်တဲ့ ရှု့မျှော်ခင်းများ:
ကြည်လင်လှပတဲ့နေ့မျိုးတွေမှာ Fuji တောင်ကြီးရဲ့ ရှု့ခင်းတွေနဲ့ သဘာဝအလှအပတွေကို ခံစားနိုင်မှာပဲဖြစ်ပါတယ်....
🥚 နာမည်ကြီးတဲ့ Black Eggs:
Don’t miss the special တစ်လုံးလောက် စားလိုက်ရုံနဲ့ အသက် ၇နှစ် ပိုပြီးရှည်နိုင်တယ်ဆိုတဲ့ Owakudani ရဲ့ စပယ်ရှယ် Black Eggs (Kuro-Tamago) ကိုလည်း မြည်းစမ်းနိုင်ပါတယ်...
🚡 မမေ့နိုင်မယ့် Ropeway Ride:
Owakudani တစ်လျှောက် ရှု့ခင်းအလှတွေနဲ့ အခိုးအငွေ့ဖြူဖြူတွေရဲ့ အလှကို အပေါ်စီးကနေ ခံစားနိုင်မယ့် Ropeway Ride ကိုလည်း Enjoy လုပ်နိုင်ပါတယ်...
မီးတောင်ကြီးပေါ်မှာ မြေကြီးထဲကထွက်နေတဲ့ အငွေ့ဖြူဖြူလေးတွေကြားထဲ လမ်းလေးလျှောက်ရင်း ရေပူစမ်းလေးတွေနဲ့ ဟိုးအဝေးမှာ Fuji တောင်ကြီးကိုလည်း လှမ်းမြင်နေရတဲ့ သဘာဝအလှအပလေးတွေနဲ့
Owakudani တစ်ခေါက်လောက်တော့ အရောက်သွားကြည့်လိုက်တော့နော်....