Star Zone

တူရကီ
(၈)ညအိပ်/(၉)ရက်

img-3

DAY 01: YANGON – BANGKOK - ISTANBUL

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone အဖွဲ့ခေါင်းဆောင်နှင့် ဆုံတွေ့ကြပြီး လေကြောင်းလိုင်းတွင် Check In ဝင်ရောက်ပါမည်။
ရန်ကုန်မှ တူရကီနိုင်ငံ အီစတန်ဘူလ်သို့ ထိုင်းနိုင်ငံ ဘန်ကောက်သို့ ထရန်စစ်ဖြင့် ထွက်ခွာပါမည်။ ဘန်ကောက်လေဆိပ်မှ အီစတန်ဘူလ်သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာကြပါမည်။

Istanbul

DAY 02: ISTANBUL – BURSA

အီစတန်ဘူလ်လေဆိပ်သို့ ရောက်ရှိလာပြီးနောက် ဒေသခံဧည့်လမ်းညွှန်မှ ခရီးဦးကြိုဆိုနေပါမည်။
ဧည့်လမ်းညွှန်၏ ဦးဆောင်မှုနှင့်အတူ ထွက်ခွာကြပြီးနောက် Bosporus Tour ဖြစ်သောအာရှတိုက်နှင့် ဥရောပတိုက်ကြားရှိ Bosphorus ရေလက်ကြားတွင် Cruise စီးကြပါမည်။
ထို့နောက် အသီးခြောက်များ ၊ ရေမွှေးများ စသည့် ပစ္စည်းအမျိုးပေါင်းများစွာ ဝယ်ယူနိုင်သော Spice Market သို့သွားရောက်လည်ပတ်ပါမည်။
ညစာသုံးဆောင်ပြီးနောက် ဟိုတယ် Check in ဝင်ကာတစ်ညတာအိပ်စက်အနားယူကြပါမည်။

Spices

Spice Bazaar

Bosphorus Strait

DAY 03: BURSA – EPHESUS - PAMUKKALE

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အီဖယ်မြို့ဟောင်းသို့ ဆက်လက်ထွက်ခွာပါမည်။
အီဖစ်သို့ရောက်လျှင် ရောမမြို့ဟောင်းအဆောက်အအုံဖြစ်သော The Library of Celsus သို့ သွားရောက်လည်ပတ်ကြပါမည်။
ထို့နောက် အေဒီ ၂ရာစုလောက်က စတင်တည်ဆောင်ခဲ့သော ရှေးခေတ် ပြဇာတ်ဟောင်း The Odeon သို့ သွားရောက်လေ့လာ ကြည့်ရှုကြပါမည်။
အေဒီ ၁၃၈ မတိုင်ခင်က တည်ဆောက်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသော အလှပဆုံး အဆောက်ဦးများထဲမှ တစ်ခုဖြစ်သော The Temple of Hadrian သို့ သွားရောက်လည်ပတ်ကြပါမည်။ အတွင်းပိုင်းတွင် သရုပ်ဖော် ဇာတ်ခမ်းများနှင့် လနတ်သမီး၊ Androkles နတ်ဘုရား ၊ Herakles နတ်ဘုရား၊ Theodosius နတ်ဘုရားနှင့် Athena နတ်ဘုရားမတို့၏ ရုပ်ထုများ ပြသထားပါသည်။
အေဒီ ၂ရာစုက စကျင်ကျောက်တုံးများကို ထွင်းထုတည်ဆောင်ထားပြီး The Frigidarium (ရေအေးခန်း)၊ The Tepidarium (ရေနွေးခန်း) နှင့် The Caldarium (ရေပူခန်း) ဟူ၍ အခန်း(၃)ခန်း ပါရှိသည့် ရောမခေတ်ရေချိုးခန်း Roman Bath သို့ သွားရောက်လည်ပတ်ကြပါမည်။

The Temple of Hadrian

The odeon

The Library of Celsus

DAY 04: PAMMUKALE - CAPPADOCIA

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် HIERAPOLIS & NECROPOLIS နှင့် Cotton Castle ဟုခေါ်ဆိုကြသော အဖြူရောင်ထုံးကျောက် ရေအိုင်ငယ် အထပ်ထပ်လေး များရှိရာသို့ သွားရောက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။
ထို့နောက် မီးပုံးပျံမြို့ဟုနာမည်ကြီးသည့် Cappadocia မြို့သို့ Domestic Flight ဖြင့်သွားရောက်ပါမည်။
ညစာသုံးဆောင် ပြီးနောက် ဟိုတယ် Check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Cappadocia

Cotton Castle

HIERAPOLIS & NECROPOLIS

DAY 05: CAPPADOCIA

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Kaymakli-Derinkuyu အမည်ရှိ မြေအောက်မြို့တော်သို့ သွားရောက်လည်ပတ်ကြပါမည်။ အာရပ်-ဘိုင်ဇန်တင် စစ်ပွဲအတွင်းမှ အာရပ်တို့၏ ရန်ကိုပုန်းရှောင်ခဲ့ရာ မြေအောက်ဂူများကို တွေ့မြင်နိုင်ကြပါမည်။
ယူနက်စကို စာရင်းဝင် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သည့် ရှေးခေတ်ကျောက်ထွင်း ဘုရားကျောင်းများ ၊ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များ ကျယ်ကျယ်ပြန့်ပြန့်တည်ရှိရာ Goreme Open-Air Museum သို့သွားရောက်လည်ပတ်ပါမည်။
နေ့လည်စာ သုံးဆောင်ပြီးနောက် Uchisar Castle Village သို့ သွားရောက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။
များပြားသော ခိုအိမ်လေးများကို အစွဲပြု၍ ခေါ်ဝေါ်သော Pigeon Valley သို့သွားရောက်လည်ပတ်ပါမည်။
ထို့နောက် လှပသော တောင်ကြားများဖြစ်သည့် Dervent Valley (Imagination Valley) နှင့် Valley of Love သို့ သွားရောက်လည်ပတ်ပါမည်။
ညစာသုံးဆောင်ကြပြီးနောက် ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Pigeon Valley

Uchisar Castle Village

Dervent Valley

DAY 06: CAPPADOCIA – ANKARA - ISTANBUL

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် တူရကီနိုင်ငံမြို့တော် အန်ကာရာ (Ankara) မြို့သို့သွားရောက်ကြပါမည်။ တူရကီနိုင်ငံ၏ အထင်ကရ နိုင်ငံခေါင်းဆောင်ဟောင်း အာတာတုခ် (Ataturk Mausoleum) ၏ အထိမ်းအမှတ် ဂူဗိမာန်သို့ သွားရောက် လည်ပတ်ကြပါမည်။
နေ့လည်စာ သုံးဆောင်ပြီးနောက် Istanbul မြို့သို့ Domestic Flight ဖြင့် သွားရောက်ပါမည်။
Istanbul သို့ ရောက်ရှိပြီး ညစာသုံးဆောင်ပြီးနောက် Hotel check in ဝင်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။

Ankara

Ataturk Mausoleum

Istanbul

DAY 07: ISTANBUL

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အီစတန်ဘူလ် City Tour စတင်လည်ပတ်ပါမည်။
အော်တိုမန်ဆူလ်တန်တို့ အုပ်ချုပ်ရေးအခြေစိုက်ခဲ့ရာရုံး ဖြစ်သည့် Topkapi Palace သို့သွားရောက်ကြပါမည်။
နေ့လည်စာသုံးဆောင်ပြီးနောက် အီစတန်ဘူလ်မြို့၏ ပြယုပ်ဖြစ်သော အော်တိုမန်လက်ရာ The Blue Mosque သို့လည်း သွားရောက်လေ့လာကြပါမည်။
ရိုမန်အင်ပါယာလက်ထက်တွင် Church အဖြစ်နှင့် အော်တိုမန် အင်ပါယာလက်ထက်တွင် Mosque အဖြစ် တည်ရှိခဲ့သော (လက်ရှိ Hagia Sophia Museum) သို့ သွားရောက်လေ့လာပါမည်။
ပြီးနောက် အမှတ်တရ အိမ်ပြန်လက်ဆောင်များ ဝယ်ယူနိုင်ရန် ဆိုင်ခန်းပေါင်း ၄,၀၀၀ ကျော်ရှိသည့် The Grand Bazaar သို့ပို့ဆောင်ပေး ပါမည်။ စိတ်ကြိုက်ဈေးဝယ်ထွက်ကြပြီးနောက် ညစာသုံးဆောင်ကြပါမည်။
ညစာသုံးဆောင်ပြီးနောက် ဟိုတယ် Check-in ဝင်ရောက်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

The Blue Mosque

Topkapi Palace

Hagia Sophia Museum

DAY 08: ISTANBUL - DEPARTURE

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check Out လုပ်လိုက်ပါမည်။
ထို့နောက်လှပသော ရှုခင်းလေးများကို အပေါ်စီးမှ ကြည့်ရှုနိုင်ရန် Pierre Loti Hill သို့ သွားရောက်ကြပါမည်။
နေ့လည်ပိုင်းတွင် Taksim Square နှင့် Istiklal Street သို့ သွားရောက်ကြပါမည်။
နေ့လည်စာ သုံးဆောင်ပြီးနောက် လေယာဉ်ချိန်ပေါ် မူတည်၍ လေဆိပ်သို့ သွားရောက်ကာQatar Airways သို့ Check-in ဝင်ရောက်ပြီးနောက် လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက် လေဆိပ်သို့ ညနေပိုင်းတွင် ရောက်ရှိလာပါမည်။ Transit ခေတ္တအနားယူပြီးနောက် ရန်ကုန်သို့ ဆက်လက် ထွက်ခွာကြပါမည်။

Taksim Square

Pierre Loti Hill

Istiklal Street

Istiklal Street

DAY 9: YANGON

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်အစောပိုင်းအချိန်တွင် စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိ လာပါမည်။