Star Zone

Egypt Pyramid Tour

img-3

ကိုင်ရို - အက်စ်ဝမ် - ကွန်အွန်ဘို - အက်ဖူ - အက်စ်နာ - လက်ဆွာ (၇ညအိပ် - ၈ရက်) ခရီးစဉ်

Khan el-Khalili Bazzar

Cairo Night View

Emirates Airlines

DAY 01: ရန်ကုန် - ဒူဘိုင်း-ကိုင်ရို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဖွဲ့ခေါင်းဆောင်နှင့်တွေ့ဆုံပြီးနောက် အီဂျစ်နိုင်ငံကိုင်ရိုမြို့သို့ ဒူဘိုင်း transit flight ဖြင့် စတင်ထွက်ခွာကြပါမည်။ ကိုင်ရိုလေဆိပ်သို့ ရောက်ရှိလာပြီးနောက် ဒေသခံဧည့်လမ်းညွှန်မှ ခရီးဦးကြိုဆိုနေပါမည်။ ဧည့်လမ်းညွှန်၏ ဦးဆောင်မှုနှင့်အတူနေ့လည်စာသုံးဆောင်ကြရန် ကိုင်ရိုမြို့သို့ ထွက်ခွာကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဟိုတယ် check-in ဝင်ရောက်ကာ တစ်ညတာခရီးပန်းခဲ့သမျှ ခေတ္တခဏအနားယူကြပါမည်။ ညနေခင်းပိုင်းတွင် နာမည်ကြီးညဈေးဖြစ်သည့် Khan el-Khalili Night Bazzarသို့ သွားရောက်လည်ပတ်ပြီးဒေသထွက် အီဂျစ်လက်ရာပစ္စည်းများကို ဝယ်ယူကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူကြပါမည်။

DAY 02: ကိုင်ရို-အက်စ်ဝမ်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်အီဂျစ်နိုင်ငံ၏ အဓိကပြယုပ် ဟုခေါ်ဆိုနိုင်သောပိရမစ်များရှိရာဂီဇာသို့ ထွက်ခွာကြပါမည်။ ကမ္ဘာ့အံ့ဖွယ် ၇နေရာထဲမှ တစ်ခုအပါဝင်ဖြစ်သောဂီဇာပိရမစ်များ(Khufu Pyramid, Khafre Pyramid & Menkaure Pyramid)တို့အပြင် Great Sphinx သို့ပါ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Egyptian Museum သို့ သွားရောက်လေ့လာကြပါမည်။ညစာသုံးဆောင်ပြီးနောက် ကိုင်ရိုဘူတာရုံမှ အက်စ်ဝမ်မြို့သို့အိပ်စင်ပါဝင်သော ညရထားနှင့် ထွက်ခွာကြပါမည်။ တစ်ညတာကိုရထားပေါ်တွင် သက်တောင့်သက်သာအိပ်စက်ရင်းခရီးဆက်ကြပါမည်။

Great Sphinx

Egyptian Museum

Giza Pyramid

Egyptian Museum

High Dam

Nile River Cruise

Temple of Philae

DAY 03: အက်စ်ဝမ်

ရထားပေါ်တွင် နံနက်စာသုံးဆောင်ပြီးမကြာမီတွင် အက်စ်ဝမ်ဘူတာရုံသို့ ရောက်ရှိလာပါမည်။ ထိုမှတဆင့် အက်စ်ဝမ် သဘောၤဆိပ်ကမ်းသို့ ဆက်လက်သွားရောက်ပါမည်။နိုင်းလ်မြစ်တလျှောက် ခရီးဆက်ရန် Cruiseပေါ်သို့ တက်ရောက်နေရာယူ ကြပါမည်။ ရေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာရင်းကမ္ဘာ့အကြီးဆုံးလူလုပ်ရေလှောင်ကန် High Dam သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် UNESCOအသိအမှတ်ပြု Temple Complex ဖြစ်သည့် Temple of Philae သို့လည်းသွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာနှင့် ညစာကိုသဘောၤပေါ်တွင် Buffet ဖြင့် တည်ခင်းဧည့်ခံပါမည်။ တစ်ညတာကိုသဘောၤပေါ်တွင် ကုန်ဆုံးကြပါမည်။

DAY 04: အက်စ်ဝမ်-ကွန်အွန်ဘို-အက်ဖူ

နံနက်စာကိုသဘောၤပေါ်တွင် သုံးဆောင်ပြီးနောက် ကွန်အွန်ဘိုမြို့သို့ ဆက်လက်ထွက်ခွာကြပါမည်။ KomOmbo Templeရှိမိချောင်းနတ်ဘုရားနှင့် သိမ်းငှက်နတ်ဘုရားကျောင်းတော်တို့အားသွားရောက်လေ့လာကြပါမည်။ အလှဘုရင်မကလီယိုပတ်ထရာပုံတူရုပ်တုကိုလည်းအတွင်းနံရံများပေါ်တွင် လေ့လာကြည့်ရှုကြပါမည်။ ပြီးနောက် အက်ဖူမြို့သို့ ခရီးဆက်ကြပါမည်။ အက်ဖူမြို့သို့ ရောက်ရှိလာပြီးနောက် နိုင်းလ်မြစ်ကမ်းနံဘေးတွင် တည်ရှိနေသည့် Temple of Horus (ခေတ်ဦးအီဂျစ်လူမျိုးတို့ အထွတ်အမြတ်ထားသည့် ဟိုးရက်စ် နတ်ဘုရား) ဘုရားကျောင်းသို့ သွားရောက်လေ့လာကြပါမည်။ နေ့လည်စာနှင့် ညစာကိုBuffet ဖြင့်သုံးဆောင်ကြပြီးနောက် သဘောၤပေါ်တွင် တစ်ညတာထပ်မံ ဖြတ်သန်းကြပါမည်။

Temple of Horus

KomOmbo Temple

Temple of Horus

Temple of Horus(at Edfu)

Esna Lock Gade

Esna Lock Gade

Esna Lock Gade

DAY 05: အက်ဖူ-အက်စ်နာ-လက်ဆွာ

သင်္ဘောပေါ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အက်စ်နာမြို့သို့ ရောက်ရှိလာပါမည်။ နာမည်ကျော် Esna Lock ဂိတ်တံခါးကို ဖြတ်သန်းကာလက်ဆွာမြို့သို့ ခရီးဆက်ကြပါမည်။ နေ့လည်စာနှင့် ညစာကိုသဘောၤပေါ်တွင် Buffet ဖြင့် တည်ခင်းဧည့်ခံပါမည်။ လက်ဆွာမြို့သို့ ညနေအချိန်တွင် ရောက်ရှိလာပါမည်။ တစ်ညတာကိုသင်္ဘောပေါ်တွင် ဖြတ်သန်းကြပါမည်။

DAY 06: လက်ဆွာ - ကိုင်ရို

သင်္ဘောပေါ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check-out ပြုလုပ်ကြပါမည်။ ပြီးနောက် လက်ဆွာမြို့ Sightseeingစတင် လည်ပတ်ကြပါမည်။ နိုင်းလ်မြစ် အနောက်ဘက်ခြမ်း အပါအဝင် Valley of the Kings (ဖာရိုဘုရင်များ၏ မံမီရုပ်အလောင်းများ မြှုပ်နှံရာဒေသ)၊ Temple of Hatshepsut (ဂူသချိုင်း)၊ Colossi of Memnon (ဖာရိုဘုရင် အာမန်ဟိုတပ် ကိုယ်စားပြု ရုပ်တုနှစ်ခု) တို့အားသွားရောက်လည်ပတ်ကြပါမည်။

Temple of Hatshepsut

Valley of the Kings

Colossi of Memnon