Star Zone
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone Travels မှ အဖွဲ့ခေါင်းဆောင်နှင့် ဆုံတွေ့ကြပြီး သက်ဆိုင်ရာ လေကြောင်းတွင် Check In ဝင်ရောက်ပါမည်။ ရန်ကုန်မှ မော်ဒိုက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြပါမည်။ မော်ဒိုက်လေဆိပ်သို့ ရောက်ရှိလာပြီး အသင့်စောင့်ကြိုနေသော ဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက် Speed Boat ဖြင့် ဟိုတယ်သို့ သွားရောက်ကြပါမည်။ ဟိုတယ်တွင် Check in ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အနားယူအိပ်စက် ကြပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Maldives ကမ်းခြေ၏ အလှအပကို တ၀ကြီး ကြည့်ရှုခံစားပြီး စိတ်ကြိုက်အနားယူနိုင်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Water Sport Activities များကို ဆော့ကစားနိုင်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Maldives ကမ်းခြေ၏ အလှအပကို တ၀ကြီး ကြည့်ရှုခံစားပြီး စိတ်ကြိုက်အနားယူနိုင်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ကာ မော်ဒိုက်လေဆိပ် မှတဆင့် ရန်ကုန် သို့ထွက်ခွာရန် လေကြောင်းလိုင်းကောင်တာတွင် Check In ဝင်ရောက်ပြီး သက်ဆိုင်ရာ လေကြောင်းခရီးစဥ်ဖြင့် ရန်ကုန်သို့ထွက်ခွာလာပါမည်။ နေ့လည်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။
Include Child Or not * : YesNo
Tentative Travel Date * :