Star Zone

img-3

ဂျပန် (Golden Route) ခရီးစဉ်

တိုကျို - Disney Land - ကာမာကူရ - ဖူဂျီတောင် - တိုယိုဟရှိ - ကျိုတို - အိုဆာကာ

(၇ညအိပ်/၈ရက်)

DAY 01: YANGON – SINGAPORE – TOKYO

ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်တွင် Star Zone Travels မှ အဖွဲ့‌ခေါင်း‌ဆောင်နှင့် ‌တွေ့ဆုံပြီး‌နောက် Singapore Airlines ‌လေဆိပ် counter တွင် check-in ဝင်‌ရောက်ကာ စင်ကာပူသို့ စတင်ထွက်ခွာကြပါမည်။ စင်ကာပူ ချန်ဂီလေဆိပ်သို့ ညနေအချိန်တွင် ရောက်ရှိလာပြီးနောက် Singapore မြို့တွင်းသို့ ဝင်ရောက်ကာ Free & Easy City Tour လည်ပတ်ပြီး ညစာသုံးဆောင်ပါမည်။ ပြီးနောက် ချန်ဂီလေဆိပ်သို့ ပြန်လာကာ ညသန်းခေါင်အချိန်တွင် စင်ကာပူမှတဆင့် ဂျပန်နိုင်ငံ တိုကျိုသို့ လေကြောင်းခရ်ိးဖြင့် ဆက်လက်ခရီးနှင်ကြပါမည်။

Merlion Park

DAY 02: TOKYO

တိုကျိုမြို့၏ နာရီတ အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ ‌ရောက်ရှိပြီး‌နောက် အသင့်‌စောင့်ဆိုင်း‌နေ‌သော ဧည့်လမ်းညွှန် နှင့် ‌တွေ့ဆုံကာ တိုကျိူမြို့သို့ ထွက်ခွာကြပါမည်။ ထို့နောက် ကမ္ဘာ့(၅)ခုမြောက် အမြင့်ဆုံး ရပ်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည့် Ushiku Daibutsu ‌သို့ သွား‌ရောက်ပြီး လည်ပတ်ကြပါမည်။ ထို့‌နောက် နေ့လည်စာ သုံးဆောင်ကြကာ နာမည်ကျော် ‌ခွေးလိမ္မာ ဇာတ်ကားရိုက်ကူးရာ Shibuya ရှိ Hachiko ‌ခွေးက‌လေး ရုပ်ထုနှင့် နာမည်‌ကျော် Shibuya  မီးပွိုင့်သို့ သွား‌ရောက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ပြီး‌နောက် လျှပ်စစ်မြို့‌တော်ဟု တင်စား‌ခေါ်‌ဝေါ်‌သော Akihabara Shopping နှင့် သူ‌ဋ္ဌေးရပ်ကွက်ဟု နာမည်‌ကျော်‌သော Ginza ရှိ Mall များသို့ သွား‌ရောက်ကာ ‌ဈေးဝယ်ထွက်နိုင်ရန် ပို့‌ဆောင်‌ပေးပါမည်။ ည‌နေစာ သုံး‌ဆောင်ပြီး‌နောက် ဟိုတယ်သို့ check-in ဝင်ရောက်ကာ  တစ်ညတာ အိပ်စက်အနားယူ ကြပါမည်။

Hachiko

Akihabara Shopping

Shibuya 

Ushiku Daibutsu

DAY 03: TOKYO

ဟိုတယ်တွင် နံနက်စာသုံး‌ဆောင်ပြီး‌နောက် နာမည်ကျော် Tokyo Disney Land သို့ သွားရောက်ကာ ကစားနည်းများ၊ Show များအား ဝင်ရောက် လည်ပတ် ဆော့ကစားကြပါမည်။ နေ့လည်စာ သုံးဆောင်နိုင်ရန် Cash Back ပြန်လည်ပေးအပ်ပါမည်။ ညနေပိုင်းတွင် တိုကျိုမြို့၏အကြီးဆုံးဘုရား‌ကျောင်း ဖြစ်သည့် Asakusa Temple နှင့် Nakamise Street သို့ သွား‌ရောက်လည်ပတ်ပြီး Kimono ဝတ်စုံများဝတ်ဆင်၍ အမှတ်တရဓါတ်ပုံရိုက်ကူးကာ ဂျပန်ရိုးရာမုန့်များနှင့် အမှတ်တရလက်‌ဆောင် ပစ္စည်းများဝယ်ယူပါမည်။ ထို့‌နောက် ဂျပန်နိုင်ငံတွင် အမြင့်ဆုံးဖြစ်ပြီး အမြင့်‌ပေ ၃၅ဝမီတာ ရှိသည့် Tokyo Sky Tree ကိုတက်‌ရောက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ညစာ သုံးဆောင်နိုင်ရန် Cash Back ပြန်လည်ပေးအပ်ပါမည်။ ပြီးနောက် ဟိုတယ်သို့ ပြန်ကာတစ်ညတာ အိပ်စက် အနားယူပါမည်။ 

Tokyo Disney Land

Asakusa Temple

Tokyo Sky Tree

Tokyo Disney Land

DAY 04: TOKYO – KAMAKURA – MT. FUJI

ဟိုတယ်တွင် နံနက်စာသုံး‌ဆောင်ပြီး‌နောက် Check-out လုပ်ကာ ကာမာကူရသို့(၁)နာရီခွဲခန့် ‌မောင်းနှင်ထွက်ခွာ ပါမည်။ ဂျပန်နိုင်ငံ၏ဒုတိယ အကြီးဆုံးဘုရား တစ်ဆူဖြစ်သည့် ထိုင်‌တော်မူ‌ကြေးသွန်းဘုရားကြီး Kamakura Buddha သို့သွား‌ရောက်ဖူး‌မျှော်ပါမည်။ ပြီး‌နောက် Branded အသုံးအ‌ဆောင်ပစ္စည်းများ ဝယ်ယူနိုင်မည့် Gotemba Premium Outlets သို့ ပို့‌ဆောင်‌ပေးပါမည်။ ‌နေ့လည်စာ သုံး‌ဆောင်နိုင်ရန် Cash Back ပြန်လည်‌ပေးအပ်ပါမည်။ စိတ်ကြိုက်အချိန်ကုန်ဆုံးပြီးနောက် ညနေပိုင်းတွင် ဖူဂျီတောင် အနီးရှိ ဟိုတယ်သို့ Check-in ဝင်ရောက်ကာ ညစာသုံးဆောင်ကြပါမည်။ ပြီးနောက် တစ်ညတာအိပ်စက် အနားယူ ကြပါမည်။

Kamakura Buddha

Gotemba Premium Outlets

Gotemba Premium Outlets

Kamakura Buddha

DAY 05: MT. FUJI – HAKONE – TOYOHASHI

ဟိုတယ်တွင် နံနက်စာသုံး‌ဆောင်ပြီး‌နောက် Check-out လုပ်ကာ ဂျပန်နိုင်ငံ အမှတ်အသား တခုဖြစ်သည့် UNESCO အသိအမှတ်ပြု ဖူဂျီ‌တောင်သို့ သွား‌ရောက်၍ ဖူဂျီ‌တောင်၏ Level (5) အဆင့်(၅) ‌တောင်တစ်ဝက်အထိ ရာသီဥတု အ‌ခြေအ‌နေ‌ပေါ်မူတည်ပြီး တက်‌ရောက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် နာမည်‌ကျော် Ashi Lake တွင် (10 မိနစ်ခန့်) အ‌ပျော်စီးသ‌င်္ဘောစီးကာ ဖူဂျီ‌တောင်အား ‌နောက်ခံထား၍ အမှတ်တရဓါတ်ပုံများ ရိုက်ယူပါမည်။ မီး‌တောင်‌ဟောင်း တစ်ခုဖြစ်ပြီး ကြက်ဥမဲ‌တောင်ဟု လူသိများသည့် Owakudani သို့ Ropeway စီးကာ သွား‌ရောက်လည်ပတ်ပါမည်။ ပြီးနောက် တိုယိုဟာရှိမြို့ရှိ ဟိုတယ်သို့ Check-in ဝင်ရောက်ကာ ညစာသုံးဆောင်ကြပါမည်။ ပြီးနောက် တစ်ညတာအိပ်စက် အနားယူ ကြပါမည်။

Ashi Lake

Owakudani

Mt. Fuji

DAY 06: TOYOHASHI – KYOTO – OSAKA

ဟိုတယ်တွင် နံနက်စာသုံး‌ဆောင်ပြီး‌နောက် check-out ပြုလုပ်ကြပါမည်။ တိုယိုဟာရှိ မှတဆင့် ကျိုတိုသို့ ထွက်ခွာကြပါမည်။ ကျိုတိုမြို့သို့ ရောက်ရှိလာပြီးနောက် နေ့လည်စာ သုံးဆောင်ကြပါမည်။ ပြီးနောက် ‌ရွှေ‌ရောင်အဆင်းရှိ‌သော Kinakakuji Temple သို့သွား‌ရောက်‌လေ့လာပါမည်။ ထို့နောက် ဆန်စပါးနတ်ဘုရားအား ရည်စူး‌ဆောက်လုပ်ထားသည့် Fushimi Inari Shrine ဘုရား‌ကျောင်းသို့ သွား‌ရောက်‌လေ့လာပါမည်။ ထို့‌နောက် အိုကာဆာမြို့သို့ ကျည်ဆန်ရထား စီးနင်းပြီး ဆက်လက်ထွက်ခွာလာက ညစာသုံးဆောင်ကြပါမည်။ ပြီးနောက် အိုဆာကာမြို့ရှိ ဟိုတယ်သို့ Check-in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူ ပါမည်။

Fushimi Inari Shrine

Kinakakuji Temple​

Shinkansen

DAY 07: OSAKA – NARA – OSAKA – SINGAPORE

ဟိုတယ်တွင် နံနက်စာသုံး‌ဆောင်ပြီး‌နောက် check-out ပြုလုပ်ကြပါမည်။ ထို့‌နောက် နာရာမြို့ရှိ Nara Deer Park သို့သွား‌ရောက် လည်ပတ်ပြီး‌နောက် ဂျပန်နိုင်ငံ၏ အကြီးဆုံး ‌ကြေးသွန်းဘုရားတစ်ဆူဖြစ်သည့် Todaiji Temple သို့သွား‌ရောက် ဖူး‌မြော်ပါမည်။  ‌နေ့လည်စာ သုံး‌ဆောင်ပြီး‌နောက် အိုဆာကာမြို့သို့ ပြန်လည်ထွက်ခွာ လာပြီး နာမည်‌ကျော် အိုဆာကာရဲတိုက် Osaka Castle ‌နောက်ခံထားကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ထို့‌နောက် အိမ်ပြန်လက်‌ဆောင်များကို စိတ်ကြိုက်ဝယ်ယူနိုင်ရန် Shinsaibashi Shopping Area သို့ပို့‌ဆောင်‌ ပေးပါမည်။ ညစာသုံး‌ဆောင်ပြီး‌နောက် အိုဆာကာ အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ ထွက်ခွာကြကာ စင်ကာပူသို့ လေကြောင်းခရီးဆက်ပါမည်။

Todaiji Temple

Todaiji Temple

Nara Deer Park

DAY 08: SINGAPORE – YANGON

စင်ကာပူ‌လေဆိပ်သို့ နံနက်အစောပိုင်းအချိန်တွင် ရောက်ရှိလာပြီးနောက် ခေတ္တအနားယူကာ ရန်ကုန်သို့ Transit flight ဖြင့် ဆက်လက်ထွက်ကြပါမည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်ပိုင်းအချိန်တွင် စိတ်အေး ချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိလာပါမည်။

Jewel Changi Airport