Star Zone

Indonesia

ဘာလီကျွန်း - Nusa Penida ကျွန်း ( ၃ညအိပ်/၄ ရက်)

Kuta Beach

DAY 01: YANGON – BALI

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သက်ဆိုင်ရာ လေဆိပ် counter တွင် check-in ဝင်ရောက်ကာ   Singapore  သို့စတင်

ထွက်ခွာကြပါမည်။ စင်ကာပူလေဆိပ်သို့ ရောက်ရှိလာပြီးနောက် Transit Flight ဖြင့် အင်ဒိုနီးရှား ဘာလီသို့ ခရီးဆက်ပါမည်။ ဘာလီသို့ ညနေအချိန်တွင် ရောက်ရှိလာပြီးနောက် ညစာသုံးဆောင်ရန် ထွက်ခွာကြပါမည်။ ညစာကို သုံးဆောင်ပြီးနောက် KUTA အနီးရှိ ဟိုတယ်သို့ check-in ဝင်ရောက်ကာ တစ်ညတာ အိပ်စက် အနားယူကြပါမည်။

DAY 02: BALI – NUSA PENIDA – BALI

Nusa Penida

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Ferry Fast Boat စီးကာ Nusa Penida ကျွန်းသို့  သွားရောက် လည်ပတ်ကြရန် နံနက်စောစော ထွက်ခွာကြပါမည်။ Nusa Penidaသို့ရောက်ရှိလာပြီးနောက် Fullday Sightseeing စတင်လည်ပတ်ကြပါမည်။

သာယာလှပသော ရှုခင်းများနှင့်အတူ Klingking Beach ၊ Broken Beach တို့ကို သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Water Sports Activities အနေဖြင့် Snorkeling ရေငုပ်ခြင်း လုပ်ဆောင်နိုင်ကြပါမည်။ တစ်နေ့တာ လည်ပတ်ပြီးနောက် ဘာလီကျွန်းသို့ ပြန်လည်ရောက်ရှိလာပါမည်။ ညစာအား တမူထူးခြားစွာဖြင့် Jimbaran ကမ်းခြေတွင် ပင်လယ်စာ BBQ ဖြင့် တည်ခင်းဧည့်ခံပါမည်။ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ တစ်ညတာအိက်စက် အနားယူကြပါမည်။

Jimbaran Beach

Uluwatu Temple

Water Sports Acitivties

Tanjung Benoa Beach

DAY 03: BALI

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော် Tanjung Benoa Beach သို့သွားရောက်ကာ Water Sports Activities များအား ပျော်ရွှင်စွာ ဆော့ကစားကြပါမည်။ (Banana Boat 01 ကြိမ်စီနင်းခွင့် (သို့မဟုတ်) Glass Bottom Boat စီးကာ လိပ်ကျွန်းသို့ သွားရောက်ကြပါမည်။) နေ့လည်စာ သုံးဆောင်ပြီးနောက် Uluwatu Temple သို့ သွားရောက်ကာ သာယာလှပသော အိန္ဒိယသမုဒ္ဒရာအလှကို ခံစားကြပါမည်။ညနေပိုင်းတွင် Free & Easy Shopping လည်ပတ်ကြပါမည်။ ညစာကို သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Tegalalang Rice Terraces

Aloha Swing

Handara Gate

DAY 04: BALI- UBUD – BALI

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် CHECK OUT ပြုလုပ်ကာ Beraton Lake ရှိ Ulun Danu Temple သို့သွားရောက် ကာ အေးချမ်းသော ပတ်ဝန်းကျင် နှင့် အလှတရားကို ခံစားကြပါမည်။ နာမည်ကျော် Handara Gate ကြီးနောက်ခံထားကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် UBUD သို့  ထွက်ခွာပါမည်။ နာမည်ကျော်  Bali Swing ဒန်းလွှဲစီးခြင်း  နှင့် Bird Nest တို့နှင့်အတူ အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန် Aloha Swing သို့ ဝင်ရောက်ကြပါမည်။ ထို့နောက်သာယာလှပ‌သော လှေကားထစ် စိုက်ခင်းများ နောက်ခံထားပြီး အလှ ဓာတ်ပုံများ ရိုက်ကူးနိုင်ရန် Tegalalang Rice Terraces သို့ ပို့ဆောင်ပေးပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဘာလီလေဆိပ်သို့ ထွက်ခွာပါမည်။ ထို့နောက် သက်ဆိုင်ရာ ကောင်တာတွင် Check – in ဝင်ပြီး Transit Airport ဖြစ်သည့် ဘန်ကောက် သို့ လေကြောင်းခရီးဆက်ပါမည်။

Singapore Airlines

DAY 05: SINGAPORE - YANGON

ဘာလီမှ ဘန်ကောက်သို့  ညပိုင်းတွင် ရောက်ရှိပါမည်။ စင်ကာပူမှ ရန်ကုန်သို့ မနက်ပိုင်ထွက်ခွာလာပါမည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မနက်ပိုင်းတွင် အေးချမ်းစွာဖြင့် ပြန်လည်ရောက်ရှိလာပါမည်။