ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone Travels မှ ခရီးသွားခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် Airline Check-Inဝင်ပါမည်။ ရန်ကုန်မှ အင်ချွန်းလေဆိပ်သို့ ထွက်ခွာပါမည်။ အင်ချွန်းလေဆိပ်သို့ဆိုက်ရောက်ပြီး ဒေသခံဧည့်လမ်းညွှန်မှ ခရီးဦးကြိုဆိုနေပါမည်။ ထို့နောက် Shopping ထွက်ရန် Lotte Mall သို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ သက်တောင့်သက်သာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် “ဟေမာန်ဆောင်း၏ ချစ်သံစဉ်” (သို့) Winter Sonata ဇာတ်လမ်းတွဲ ရိုက်ကူးရာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Nami Island သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Chicken BBQ ဖြင့်သုံးဆောင်ပါမည်။ ပီးနောက် Comestic များလက်ဆောင်ဝယ်ရန် comestic outlet သို့ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် စိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ရန် Myeongdong Street သို့ပို့ဆောင်ပေးပါမည်။ ညစာကို ကိုရီးယား Sushi Buffet ဖြင့် သုံးဆောင်ပီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သမ္မတအိပ်ပြာတော် Blue House ကို ဖြတ်သန်း၍ ကိုရီးယား နန်းတွင်းဇာတ်ကားများ ရိုက်ကူးလေ့ရှိရာ Gyeongbok Palace နှင့် National Folk Museum သို့ သွားရောက် လည်ပတ်ပြီး ကိုရီးယားရိုးရာဝတ်စုံများ (Hanbok) ဝတ်ဆင်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ဆဲဂျုံမင်းတရားကြီးရုပ်တုရှိရာ Gwanghwamun Square နှင့် မီးရောင်စုံ များဖြင့် လှပနေသော Cheonggyecheon Stream တွင် အပန်းဖြေရင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ယူကြပါမည်။ နေ့လည်စာကို GINSENG Chickecn Soup ဖြင့် သုံးဆောင်ပြီးနောက် Han River တစ်လျှောက် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ပြီးနောက် N Seoul Tower သို့ Cable Car ဖြင့် တက်ရောက်ပြီး Tower ပေါ်မှ ဆိုးလ်မြို့အလှကို ကြည့်ရှုခံစား မည်။ Love Lock Garden သို့သွားရောက်၍လည်း အမှတ်တရသော့များ ပျော်ရွှင်စွာ ချိတ်ဆွဲကြပါမည်။
ညစာကို BBQ BUFFET သုံးဆောင်ပြီးနောက် ညစာသုံးဆောင်ပြီးနောက် Dongdaemun Night Market တွင် ပျော်ရွှင်စွာ စျေးဝယ်ထွက်ကြပါမည်။ထို့နောက် ဟိုတယ်သို့ ပြန်ကာ သက်တောင့်သက်သာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-Out ထွက်ပါမည်။ ဆက်လက်ပြီး ဆိုးလ်ရထားဘူတာသို့ သွားရောက်၍ ဆိုးလ်ဘူတာမှ ဘူဆန်ဘူတာသို့ ရထားဖြင့် (၂)နာရီခွဲခန့်ကြာ ခရီးဆက်ပါမည်။ ဘူဆန်သို့ ရောက်ရှိပီးနောက် နေ့လည်စာကို Duck BBQ ဖြင့် သုံးဆောင်ပါမည်။ ဘူဆန်၏ ပင်လယ်ကမ်းစပ်တွင် ပန်းချီကားချပ်သဖွယ် လှပစွာဆောက် လုပ်ထားသော Haedongyonggungsa Temple သို့ သွားရောက်လည်ပတ်ပါမည်။ထို့နောက် HAEUNDAE BEACH သို့ Sea Train (One Way) ဖြင့် စီးပီး လည်ပတ်ကြပါမည်။ ညစာကို Grilled Fish ဖြင့် သုံးဆောင်ပီးနောက် ဟိုတယ်သို့သွားရောက်၍ Check-In ဝင်ပြီး သက်တောင့်သက်သာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘူဆန်၏နာမည်ကြီး ORYUKDO SKYWALK သို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို CASH BACK 20 USD ပြန်လည်ပေးအပ်ပါမည်။ ထို့နောက် GWANGANLI BEACH တွင် FREE & EASY လည်ပတ်ပါမည်။ ညစာကို Shabu Buffet ဖြင့်သုံးဆောင်ပီးနောက် ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက်ပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-Out ထွက်ပါမည်။ ဆက်လက်ပြီး ဘူဆန်ဘူတာသို့ သွားရောက်၍ ဘူဆန်ဘူတာမှ ဆိုးလ်ဘူတာသို့ ရထားဖြင့် (၂)နာရီခွဲခန့်ကြာ ခရီးဆက်ပါမည်။ နေ့လည်စာကို Cash Back 20 USD ပြန်လည်ပေးအပ်ပါမည်။ ထို့နောက် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ အင်ချွန်းလေဆိပ်သို့သွားရောက်ပြီး Airline Check-In ဝင်ပါမည်။ အင်ချွန်းလေဆိပ်မှ ထွက်ခွာလာပြီး ရန်ကုန်လေဆိပ်သို့ ညအချိန်တွင် စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။