Star Zone

Bangkok Package (2Nights/3Days)

img-3

Wat Arun

Day 1: Yangon – Bangkok

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Star Zone Travels မှ အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံကြပြီး သက်ဆိုင်ရာ လေကြောင်းတွင်  Check In ဝင်ရောက်ပါမည်။ ရန်ကုန် မှ ဘန်ကောက် သို့ တိုက်ရိုက် လေကြောင်းလိုင်းဖြင့် ထွက်ခွာပါမည်။ ဘန်ကောက် လေဆိပ်သို့ ရောက်ရှိလာပြီးနောက် အသင့်စောင့်ကြိုနေသော ဒေသခံဧည့်လမ်းညွှန်နှင့်အတူ ကျောက်ဖရားမြစ် ကမ်းပါးတွင် တည်ရှိသော Wat Arun သို့ သွား‌ရောက် ဖူး‌မြော်ပြီး အမှတ်တရဓါတ်ပုံရိုက်ကြပါမည်။ပြီးနောက် နေ့လည်စာကို Twin Tower Hotel တွင် Buffet သုံးဆောင်ကြပါမည်။ နေ့လည်စာသုံး‌ဆောင်ပြီးနောက် Icon Siam တွင် Free & Easy ဈေးဝယ်ထွက်ကြပါမည်။ ညနေပိုင်းတွင် ကျောက်ဖယားမြစ်အတွင်း လှည့်လည်သွားလာသည့် Chaopraya Cruise ပေါ်တွင် ပျော်ရွှင်ဖွယ် Entertainment များ ခံစားရင်း ညစာသုံးဆောင်ကြပါမည်။ဟိုတယ်သို့ check in  ဝင်ရောက်ပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။

Icon Siam

Chaophraya Cruise

Day 2: Bangkok

ဟိုတယ်တွင်မနက်စာသုံးဆောင်ကြပြီးနောက် Dream World သို့သွားရောက်လည်ပတ်ပါမည်။ ရင်ခုန် စိတ်လှုပ်ရှား ဖွယ်ရာ ကစားနည်းမျိုးစုံကို တနေကုန်စိတ်ကြိုက် ကစားကြပါမည်။ နေ့လည်စာကို Dream World တွင် Buffet သုံးဆောင်ကြပါမည်။ Snow Town, 4D Adventure Movie, Animal Show, Hollywood Action Show တို့ကိုလည်း ကြည့်ရှုနိုင်ပါမည်။ ပြီးနောက် Pratunam Area နှင့် MBK mall တွင် Free & Easy Shopping လည်ပတ်ကြပါမည်။ ညစာကို Baiyoke Sky Hotel တွင် Buffet သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လာကာ အိပ်စက်အနားယူပါမည်။

Platinum Mall

Dream World

Snow Town

Day 3 : Bangkok – Yangon

ဟိုတယ် တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ပါမည်။ ပြီးနောက် Siam Paragon ရှိ Sealife Ocean World & Madame Tussad သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို Centara Watergate Hotel တွင် Buffet သုံးဆောင်ကြပါမည်။  ပြီးနောက် Central Village Outlet mall တွင် Free & Easy ဈေးဝယ်ထွက်ကြပါမည်။ ပြီးနောက် လေဆိပ်သို့ ထွက်ခွာကြပါမည်။ လေဆိပ်ရှိ သက်ဆိုင်ရာ ကောင်တာတွင် Check In ဝင်ရောက်ကာ ရန်ကုန် သို့ စိတ်အေးချမ်းသာစွာ ပြန်လည် ရောက်ရှိလာပါမည်။

Central Village Outlets

Sealife Ocean World

Madame Tussad