Star Zone

Australia

img-3

မဲလ်ဘုန်း - ဆစ်ဒနီ

(၃ညအိပ်/၄ရက်)

DAY 01: ရန်ကုန် - မဲလ်ဘုန်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် STAR ZONE TRAVELS မှ အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် လေကြောင်းလိုင်းသို့ check-in ဝင်ရောက်ပါမည်။ မြန်မာစံတော်ချိန် (18 30) နာရီတွင် စင်ကာပူ transit ဖြင့် သြစတေးလျနိုင်ငံ မဲလ်ဘုန်းသို့ စတင်ထွက်ခွာပါမည်။

DAY 02: မဲလ်ဘုန်း

မဲလ်ဘုန်းအပြည်ပြည်ဆိုင်ရာလေဆိပ် Tullamarine Internatinal Airport တွင် Driver မှ အသင့်စောင့်ကြိုပါမည်။
ထို့နောက် တည်းခိုရာသို့ပို့ဆောင်ပေးပါမည်။

DAY 03: မဲလ်ဘုန်း

မဲလ်ဘုန်းတွင် မိမိအစီအစဉ်ဖြင့် လည်ပတ်ပါမည်။

DAY 04: မဲလ်ဘုန်း

မဲလ်ဘုန်းတွင် မိမိအစီအစဉ်ဖြင့် လည်ပတ်ပါမည်။

DAY 05: မဲလ်ဘုန်း

မဲလ်ဘုန်းတွင် မိမိအစီအစဉ်ဖြင့် လည်ပတ်ပါမည်။

DAY 06: မဲလ်ဘုန်း

မဲလ်ဘုန်းတွင် မိမိအစီအစဉ်ဖြင့် လည်ပတ်ပါမည်။

DAY 07: မဲလ်ဘုန်း - GREAT OCEAN ROAD

တည်းခိုရာသို့ လာရောက်ကြိုဆိုပြီးနောက် (၂၄၃)ကီလိုမီတာရှည်လျားပြီး သြစတေးလျနိုင်ငံ၏အရှေ့တောင် ကမ်းရိုးတန်းတစ်လျောက် ဖောက်လုပ်ထားသော Great Ocean Road သို့ ဖြတ်သန်းမောင်းနှင်ပြီး ကမ်းရိုးတန်း အလှကိုကြည့်ရှုခံစားပါမည်။ ပထမကမ္ဘာစစ်အတွင်း The Great Ocean Road ကိုတည်ဆောက်ခဲ့ကြသူများကို ချီးကျူးဂုဏ်ပြုထားသည့် Memorial arch Apollo bay တွင်လေ့လာလည်ပတ်ရင်း မိမိအစီအစဉ်ဖြင့် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် Shipwreck Port သို့ သွားရောက်ကာ Port Campbell National Park တွင် တမံတော် (၁၂) ပါး ဟုတင်စားခေါ်ကြသော သဘာဝထုံးကျောက်တိုင်များ ထူးထူးခြားခြားဖြစ်ပေါ်နေပုံကို မြင်တွေ့နိုင်ပါမည်။ (မိမိအစီအစဉ်ဖြင့် Helicopter စီးနင်းကာ ကမ်းခြေအလှကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။) ထို့နောက် မဲလ်ဘုန်းသို့ ပြန်လည်ထွက်ခွာပါမည်။

DAY 08: PHILLIP ISLAND

တည်းခိုရာသို့ လာရောက်ကြိုဆိုပြီးနောက် Phillip Island တွင် ပင်လယ်ကမ်းစပ်များ သမုဒ္ဒရာ ချောက်ကမ်းပါးများနှင့် သဘာဝအလှများကို သွားရောက်ကြည့်ရှုပါမည်။ ထို့နောက်ချစ်စဖွယ် ပင်ဂွင်းငှက်ကလေးများ ညနေစောင်း အိမ်ပြန်ချိန်စီတန်းနေသော မြင်ကွင်းကို မြင်တွေ့နိုင်မည့် Phillip Island သို့သွားရောက်ကာ ညနေဆည်းဆာအလှကို ခံစားနိုင်ပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် မဲလ်ဘုန်းသို့ ပြန်လည်ထွက်ခွာပါမည်။

DAY 09: မဲလ်ဘုန်း - ဆစ်ဒနီ

တည်းခိုရာသို့ လာရောက်ကြိုဆိုပြီးနောက် ပြည်တွင်းလေကြောင်းလိုင်းဖြင့် သြစတေးလျ နိုင်ငံ၏ ဆိပ်ကမ်းမြို့တော် ဆစ်ဒနီသို့ခရီးဆက်ပါမည်။ (၂၀)ရာစု၏ အထင်ရှားဆုံး အဆောက်အဦး တစ်ခုဖြစ်သည့် အနုပညာပြပွဲများ ကျင်းပရာ Sydney Opera House (Exterior), Habour Bridge and The Rock’s သို့ သွားရောက်လည်ပတ်ပြီးနောက် နေ့လည်စာကို Japanese Restaurant တွင်သုံးဆောင်ပါမည်။ ဆက်လက်ပြီး Mrs. Macquarie’s Chairs, Art Gallery of NSW နှင့် St Mary’s Cathedral စသော အထင်ကရနေရာများအား City Tour လည်ပတ်ပါမည်။ ညနေစာကို Thai Restaurant တွင်သုံးဆောင်ပြီးနောက် ဟိုတယ်တွင် check-in ဝင်ကာ အိပ်စက် အနားယူပါမည်။

DAY 10: ဆစ်ဒနီ - BLUE MOUNTAIN

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ချစ်စရာ ကိုအာလား ဝက်ဝံလေးတွေ သားပိုက်ကောင် အနီလေးတွေ နဲ့ ဓါတ်ပုံရိုက်လို့ရမယ့် Featherdale wildlife သို့သွားရောက်လည်ပတ်ပါမည်။ ကမ္တာအမွေအနှစ်စာရင်းဝင် Blue Mountain National Park သို့ Cable Car ဖြင့်သွား ရောက်လည်ပတ်ပြီး သဘာဝတောတောင်ရှုခင်းများအား အမြင့်ပေ ၂၇၀ တွင် ချောက်ကမ်းပါးတလျောက် ဆောက်လုပ်ထားသော မှန်တံတား Skyway, ကမ္တာ့အမတ်စောက်ဆုံး ရထား Jamison Valley Railway စသည့် တို့ကိုစီးနှင်းရင်း ခံစားနိုင်ပါမည်။Three Sister Rocks၊ Echo Point သို့သွားရောက်လည်ပတ်ပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ဆစ်ဒနီလေဆိပ်သို့ပို့ဆောင်ပါမည်။ ဆစ်ဒနီမှ ရန်ကုန်သို့ စင်ကာပူလေကြောင်းလိုင်းဖြင့် ပြန်လည် ထွက်ခွာပါမည်။

DAY 11: စင်ကာပူ - ရန်ကုန်

မြန်မာစံတော်ချိန်နံနက် (၀၉ ၃၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည် ရောက်ရှိပါမည်။